" ဟဲလို..... "
ဖုန်းမြည်သံတစ်ခုနဲ့အတူအိပ်ချင်မူးတူး
ဖုန်းဖြေသံလေးပါကြားလိုက်ရသည်။မနက်စာရော ဟွန်းလေးရဲ့ထမင်းဘူးအတွက်ပါ
ပြင်ဆင်နေတဲ့သူမဖုန်းသံကြောင့်မီးဖိုချောင်မှ
ပြေးထွက်လာခဲ့သည်။ညဘက်တွေဆိုတစ်ခါမှမကြားဖူးပါသော
ဟွန်းလေးရဲ့ဖုန်းသံကြောင့်အထူးအဆန်းဖြစ်နေတဲ့
သူမ မီးဖိုချောင်အပြင်ဘက်ခပ်လှမ်းလှမ်းလေးက
မသိမသာနားထောင်နေမိသည်။" ဟဲလို လို့!!! "
အိပ်ချင်မူးတူးအသံလေးကြောင့်တစ်ဖက်က
ဖုန်းခေါ်တဲ့ချန်းယောလ်တစ်ယောက်ခပ်တိုးတိုး
ရယ်မိသေးသည်။၉ နာရီဆိုတဲ့အချိန်မှာပူတင်းလုံးလေးကအမြဲ
နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတတ်ပါသည်
ဆိုတဲ့ရိပေါ်ရဲ့စကားကိုလျစ်လျူရှုလို့အရဲစွန့်ကာ
ဖုန်းဆက်လိုက်ခြင်းဖြစ်သည်။အခုလိုအချိန်ဆိုပူတင်းလုံးလေးရဲ့အစ်ကိုတွေက
အိမ်ပြန်မရောက်ကြသေးဘူးဆိုတဲ့အချက်ကြောင့်
ဖုန်းဆက်တာဆိုလည်းမမှားပေ။" အိပ်ပျော်နေတာနဲ့တူတယ်။ ဆောရီးပါကွာ။
ကိုယ်ကမသိလိုက်လို့။ "" စီနီယာ....... "
တစ်ဖက်ကသူ့အသံကိုဖမ်းမိသွားပုံရတဲ့ပူတင်း
လုံးလေးကြောင့်ပျော်မိပြန်သည်။" ကိုယ့်အသံကိုမှတ်မိတယ်ပေါ့။ "
" မှတ်မိတာပေါ့ စီနီယာရဲ့။ ဟွန်းမှာရင်းနှီးတဲ့
သူငယ်ချင်းဆိုလို့လက် ၁၀ ချောင်းတောင်
ပြည့်အောင်ရှိတာမှမဟုတ်ဘဲ။ "စီနီယာ့ရဲ့အားပါးတရ ရယ်သံကိုဆယ်ဟွန်း
ကြားလိုက်ရသည်။" အဲ့တာဆိုကိုယ်ကဟွန်းရဲ့ရင်းနှီးတဲ့
သူငယ်ချင်းဖြစ်နေပြီပေါ့။ "အသံသြရှရှကဆယ်ဟွန်းရဲ့နားထဲစီးဝင်လာသည်
မို့ရင်ထဲတစ်မျိုးဖြစ်သွားမိသည်။ပုံမှန်စကားလေးတစ်ခွန်းကိုဆယ်ဟွန်းဘာလို့
နားထောင်ကောင်းလိုက်တာလို့တွေးနေမိတာလဲ။
YOU ARE READING
WITH LOVE [ChanHun OTP]
FanfictionLove can make everything...... ငါဆိုတာမင်းအတွက်ဖြစ်တည်လာတဲ့ ဖြစ်တည်မှုမျိုးဆိုတာကိုတစ်လောကလုံး ထက်မင်းသိနေတာကိုပဲလိုချင်ခဲ့တာပါ။ Chanyeol_Sehun Cover by @noel6194