" ငနာကောင် အိုဆယ်ဟွန်း!! နောက်တစ်ခါ
ငါနဲ့လိုက်မယ်ပြောကြည့်.....ငါ.....ငါနော်!! "ဆိုင်ကယ်ကိုဖူးဖူးမှုတ်ထားတဲ့ဝမ်ရိပေါ်က
သူ့ဆိုင်ကယ်ကိုမှကန်သွားသောဆယ်ဟွန်းကို
တဗျစ်တောက်တောက်ပြောနေတော့သည်။" ရိပေါ်...... "
ဆိုင်ကယ်ကိုသနေရင်းမှသူ့နာမည်ခေါ်သံ
ကြားသည်မို့ရိပေါ်ကြည့်မိသည်။" အယ်......အစ်ကိုချန်းယောလ်........
ကိုကြီးကဒီမှာပဲတက်တာလား။ "အစ်ကိုတစ်ဝမ်းကွဲဖြစ်တဲ့ချန်းယောလ်ကို
ရုတ်တရက်မြင်လိုက်ရသည်မို့ရိပေါ်
အတော်ကိုအံ့သြသွားသည်။" ဟုတ်တယ်လေ ရိပေါ်ရဲ့။ ကိုကြီးက
ဒီမှာတက်လို့အခုဆိုနောက်ဆုံးနှစ်တောင်
ရောက်နေပြီ။ ဒါနဲ့......ဒေါ်လေးရော
နေကောင်းရဲ့လား။ "ရိပေါ့်မားမားနှင့်မာမီသည်ညီအစ်မအရင်းတွေ
ဖြစ်ကြသည်မို့သူတို့နှစ်ယောက်သည်ညီအစ်ကို
တစ်ဝမ်းကွဲတော်စပ်သည်။ဟိုခရမ်းရောင်ပူတင်းလုံးလေးနှင့်ရန်ဖြစ်
နေသည်ကရိပေါ်ဖြစ်နေသည်မို့တမင်
လာနှုတ်ဆက်မိခြင်းဖြစ်သည်။ထိုကောင်လေးကိုဘာလို့အခုလိုစိတ်ဝင်တစား
ဖြစ်နေရသည်ဆိုတာကိုလည်းချန်းယောလ်
အကြီးအကျယ်စဥ်းစားနေရပြန်သည်။" မားမားကနေကောင်းတာမှဒေါင်ဒေါင်မြည်ပဲ။
ကျွန်တော့်ကိုအခုထိတံမြက်စည်းကိုင်ပြီးလိုက်
ရိုက်နိုင်တုန်းပဲလေ...... "" ဒါနဲ့ ခုနကကောင်လေးကသူငယ်ချင်း
ထင်တယ်။ ငါ့ညီကိုစိတ်ဆိုးသွားတာလား။ "သိချင်နေသည့်အကြောင်းအရာကိုချန်းယောလ်
တမင်စကားစလိုက်ရင်းစပ်ဖြီးဖြီးဖြစ်သွားနိုင်
သည့်မျက်နှာကိုအမြန်အရှိန်သတ်ရသည်။" အဲ့တာကျွန်တော့်ငယ်သူငယ်ချင်းလေ.....
တစ်နှစ်မှာ ၃၆၅ ရက်ကိုအဲ့ကောင်က ၃၆၇ ရက်
လောက်စိတ်ကောက်နေကျဆိုတော့ရိုးနေပြီ။
နေ့လည်မှကန်တင်းမှာတွေ့မယ် ကိုကြီးရေ။
အခုအတန်းချိန်နီးနေပြီမို့သွားတော့မယ်။ "
YOU ARE READING
WITH LOVE [ChanHun OTP]
FanfictionLove can make everything...... ငါဆိုတာမင်းအတွက်ဖြစ်တည်လာတဲ့ ဖြစ်တည်မှုမျိုးဆိုတာကိုတစ်လောကလုံး ထက်မင်းသိနေတာကိုပဲလိုချင်ခဲ့တာပါ။ Chanyeol_Sehun Cover by @noel6194