" ကိုကြီးတို့ Park group ကသားအငယ်
ပတ်ခ်ချန်းယောလ်.......ဟက်......အဲ့ကောင်က
ဟွန်းလေးကိုကြည့်နေလိုက်တာများကျွန်တော်
လူကြားထဲမှာဆွဲထိုးပစ်ချင်လောက်တဲ့အထိပဲ။ "ဟွန်းလေးအိပ်ပျော်နေပြီမို့သူတို့ညီအစ်ကို
သုံးယောက်ခေါင်းချင်းဆိုင်လို့စကားပြော
နေကြခြင်းဖြစ်သည်။မနေ့ညကရီဖန်ကိုင်လိုက်သောဖုန်းရဲ့
တစ်ဘက်ကဖုန်းခေါ်တဲ့သူဘယ်သူဆိုတာကို
သူတို့ညီအစ်ကိုစုံစမ်းနေကြခြင်းဖြစ်သည်။" မင်းကသေချာလို့လား။ "
ရီရှင်းကသေချာရဲ့လားမေးခွန်းထုတ်သည်။
" သေချာတာမှလုံးဝပဲ။ စတွေ့ကတည်းက
အဲ့ကောင်ရဲ့အကြည့်တွေကိုကျွန်တော်
မကြိုက်တာ။ ဒီနေ့လုံးဝကိုမိတာပဲ။ "ဂျုံအင်ကလက်သီးဆုပ်ကိုတစ်ဖက်လက်ဝါးကို
အားပြင်းပြင်းထိုးရင်းဒေါသတကြီးနှင့်ဖြစ်သည်။" ချန်းယောလ်ကိုတော့ငါသိတယ်။ တခါတလေ
ဥက္ကဋ္ဌကြီးဆီလာတတ်တယ်။ အဲ့ကောင်လေး
ဆိုရင်တော့ပိုလို့တောင်အဆင်မပြေဘူး။ နဲနဲ
ဂျစ်ကန်ကန်နဲ့လုပ်ချင်တာကိုတဇွတ်ထိုးလုပ်မယ့်
ပုံမျိုးမို့ငါတို့ဟွန်းလေးနဲ့ဘယ်လိုမှသဘောမတူ
နိုင်ဘူး။ "ရီဖန်ကစကားကိုခပ်ပြတ်ပြတ်ပြောသည်။
" ဒါပေမဲ့.....သူတို့လိုအသိုင်းအဝိုင်းတွေကအချိန်
တန်ရင်စီးပွားရေးဆန်တဲ့လက်ထပ်ပွဲနဲ့ပဲအဆုံးသတ်
ကြတာမဟုတ်လား။ ဂျုံအင်ပြောသလိုဟွန်းလေးကို
ရိသဲ့သဲ့လုပ်တာလဲဟုတ်ချင်မှဟုတ်မှာပေါ့။ ဒီတိုင်း
ညီလေးတစ်ယောက်လိုခင်တာရောမဖြစ်နိုင်ဘူး
လား။ တော်ကြာ ငါတို့စိတ်ထင်တိုင်းလျှောက်လုပ်
ပြီးမှမဟုတ်ရင် ဟွန်းလေးကစိတ်ဆိုးသွားဦးမယ်။ "ညီအစ်ကိုသုံးယောက်ထဲတွင်ရီရှင်းက
အတွေးသမားမို့တစ်ခုခုဆိုသေချာအောင်
အချိန်ယူတွေးတတ်သည်။" အဲ့ဒါလည်းဟုတ်တယ်။ ငါတို့ဘက်ကအရမ်းကြီး
ပိုသွားခဲ့ရင်မျက်နှာပျက်စရာတွေဖြစ်ကုန်လိမ့်မယ် "" ကိုကြီးတို့ကဗျာ.......တစ်ခုခုဆိုအရမ်းကြီး
တွေးကြတာပဲ။ အဲ့လိုလျှောက်တွေးနေပြီး
တွေဝေနေတုန်းဟွန်းလေးကဟိုကောင်နဲ့နီးစပ်
သွားရင်ဘယ်လိုလုပ်မလဲဗျ။ "
YOU ARE READING
WITH LOVE [ChanHun OTP]
FanfictionLove can make everything...... ငါဆိုတာမင်းအတွက်ဖြစ်တည်လာတဲ့ ဖြစ်တည်မှုမျိုးဆိုတာကိုတစ်လောကလုံး ထက်မင်းသိနေတာကိုပဲလိုချင်ခဲ့တာပါ။ Chanyeol_Sehun Cover by @noel6194