NINE

444 78 46
                                    

" ကိုကြီးကလည်း......ဟွန်းကအမြဲရိပေါ်
နဲ့ပဲအတူသွားနေကျကို......ရိပေါ်ကတကူးတက
အိမ်အထိလာခေါ်တာမငြင်းချင်ပါဘူး။ "

ထင်ထားသည့်အတိုင်းပင်ဂျီကျနေပြီဖြစ်တဲ့
ဆယ်ဟွန်းကြောင့်အစ်ကိုသုံးယောက်
​အခက်တွေ့နေရပြီဖြစ်သည်။

ဒီတိုင်းလွှတ်လိုက်ပြန်ရင်လည်းစိတ်ပူ
နေရသည့်ကိစ္စတို့လက်လွန်ကုန်မှာ
စိုးရိမ်ရသေးသည်။

" အဲ့ဒါဆိုရင်ဒီနေ့တစ်ရက်တော့ရိပေါ်နဲ့
အတူလိုက်သွားလိုက်။ နောက်ရက်ကစပြီး
ကိုငယ်နဲ့အတူသွားမယ်လေ ဘယ်လိုလဲ။ "

ဂျုံအင်ကပင်လိုချင်တဲ့အခြေအနေရအောင်
မသိမသာစကားခေါ်ကြည့်ရသည်။

မနက်ဖြန်ဆိုရင်လည်းသိပ်နောက်မကျသေးပါဘူး။

" မသွားချင်ပါဘူး။ ဟွန်းကအမြဲတမ်းရိပေါ်နဲ့
အတူသွားနေကျပဲကို.....ဘာဖြစ်လို့ ကိုငယ်နဲ့
အတူသွားရမှာလဲ။ "

စူပုပ်ပုပ်ရုပ်ကလေးကတကယ်ကို
အလိုမကျဖြစ်နေတဲ့ပုံစံပါပဲ။
အတင်းအကျပ်ကြီးသွားပြောလို့လည်း
အဆင်မပြေနိုင်ဘူးဖြစ်သည်။

ဟွန်းလေးကလိမ္မာတဲ့ကလေးဆိုပေမယ့်လည်း
မလုပ်ချင်သည့်ကိစ္စဆိုရင်ဘယ်လိုပဲပြောပြော
ဘယ်လိုပဲဆူဆူလုံးဝမလုပ်တတ်ပေ။

" ကိုငယ်ကဟွန်းလေးနဲ့အတူသွားချင်လို့လေ။
လိုက်ခဲ့ပါနော်။ "

နှုတ်ခမ်းစူလာတဲ့ဂျစ်တူးလေးကအတူ
သွားရမှာကိုမကြိုက်တဲ့ပုံပါပဲ။

" ဟော.....ဟိုမှာရိပေါ်ကားရောက်လာပြီ။
ဟွန်း သွားတော့မယ်နော်။ ကောင်းကောင်း
သွားပြီးပြန်လာခဲ့ပါမယ်။ "

ကားအရိပ်ကိုတွေ့သည်နှင့်တစ်ချိုးတည်း
လုံးနေအောင်ပြေးထွက်သွားတဲ့ဆယ်ဟွန်း
ကြောင့်အစ်ကိုတွေမှာဆွဲဖို့ပင်မရတော့ပေ။

ညီအငယ်ဆုံးအလည်လေးကိုအစ်ကိုတွေ
ကတော့ချစ်စနိုးဖြင့်ကြည့်ရင်းအသည်းယား
ကာရယ်နေကြတော့သည်။

" စီ.....စီနီယာ.....မောင်း.....မောင်းလိုက်တော့ "

ကားပေါ်အလောတကြီးပြေးတက်လာတဲ့
ပူတင်းလုံးလေးကမောင်းပါဆိုတော့လည်း
မောင်းရုံပေါ့။ ဘာဖြစ်တယ်ဆိုတာတော့
နောက်မှအေးဆေးမေးရမယ်။

 WITH LOVE [ChanHun OTP]Where stories live. Discover now