SIX

440 77 70
                                    

" ရယ်မနေနဲ့။ အဲ့ဒါတကယ်ကြီးဖြစ်ခဲ့တာ။
အဲ့ဒါကြောင့်ကျွန်တော်ပြောသလိုအချိန်
မလွန်ခင်ခံစားချက်တွေကိုပြန်သိမ်းလိုက်။ "

" အဲ့အကြောင်းပြချက်လေးလောက်နဲ့
ငါ့ခံစားချက်တွေကိုပြန်သိမ်းရအောင်ငါ့
နှလုံးသားက ကလေးကစားစရာမှမဟုတ်တာ "

ရိပေါ်ပြောသည့်စကားကိုချန်းယောလ်က
အငြင်းစကားဆိုသည်။

" အကြောင်းပြချက်လေးမဟုတ်ဘူးကိုကြီးရေ။
အကြောင်းပြချက်ကြီး......ဆယ်ဟွန်းကိုသူ့
အစ်ကိုတွေကတကယ်ကိုအတ္တကြီးကြီးချစ်ကြ
တာနော်။ ကိုကြီးတို့နှစ်ယောက်ကတကယ်ကြီး
ဘယ်လိုမှမဖြစ်နိုင်ဘူး။ ပြီးတော့.....ဆယ်ဟွန်းက
သူ့အစ်ကိုတွေမကြိုက်တာကိုဘယ်တုန်းကမှ
မလုပ်ခဲ့ဖူးဘူး။ ကံကောင်းလို့ကိုကြီးကိုဆယ်ဟွန်း
ပြန်ချစ်ခဲ့ရင်တောင်သူ့အစ်ကိုတွေကဘယ်လိုမှ
လွန်ဆန်နိုင်စရာအကြောင်းမရှိဘူး။ အဲ့တော့
နှစ်ဦးနှစ်ဖက်မျက်နှာပျက်ရမှာတွေမလုပ်ချင်ပါနဲ့။ "

ထိုစကားကြောင့်ချန်းယောလ်ကမဲ့ရွဲ့လို့
ရိပေါ်ကိုကြည့်သည်။

" အဲ့တာတွေကငါ့ကိစ္စတွေပါဟ။ ဆယ်ဟွန်းနား
ချဥ်းကပ်ရမှာငါ့ကိစ္စ.......ဆယ်ဟွန်းငါ့ကိုပြန်
ချစ်အောင်လုပ်ရမှာလဲ ငါ့ကိစ္စ.....ဆယ်ဟွန်း
အစ်ကိုတွေကြည်ဖြူအောင်လုပ်ရမှာလဲငါ့ကိစ္စ
တွေချည်းပါပဲဟ။ မင်းစိတ်ပူမနေနဲ့။ အခုမင်း
ကိစ္စကဆယ်ဟွန်းနဲ့ငါ့ကိုအခုထက်ပိုပြီးရင်းနှီး
အောင်လုပ်ပေးဖို့ပဲ။ သိပြီလား။ "

" ရိပေါ်ကတော့ နိုးပါ။ သူ့အစ်ကိုတွေအကြောင်း
သိနေရက်နဲ့အဲ့လိုလုပ်ရအောင်အရူးမှမဟုတ်ပဲ။
ကိုယ့်အစွမ်းအစနဲ့ကိုယ့်ဘာသာကြိုးစား။
ပိုပြီးရင်းနှီးသွားအောင်ဘာတွေကြိုက်တတ်တယ်
ဆိုတာမျိုးတော့ပြောပြပေးမယ်။ ဒီ့ထက်တော့
ပိုပြီးမမျှော်လင့်နဲ့။ အကုန်ပြောပြပြီးသားကိုမှ
ရိပေါ်ရယ် ငါတော့အသည်းကွဲပါပြီဆိုလို့ကတော့
ဟဟတွေချည်းပေးပြီးထိုင်ရယ်ပစ်မှာ..... "

ထိုနေ့ကချန်းယောလ်တစ်ယောက်ကတော့
ရိပေါ်ပြောပြသမျှဆယ်ဟွန်းကြိုက်တတ်
တာတွေကိုသေချာမှတ်ထားပြီးဆယ်ဟွန်း
ဆီကအသိအမှတ်ပြုတာခံရအောင်ကြိုးစား
ဖို့အစီအစဥ်ဆွဲနေတော့သည်။

 WITH LOVE [ChanHun OTP]Where stories live. Discover now