TWO

659 86 14
                                    

" ဟွန်းလေးရေ......နောက်ကျတော့မှာပဲ။
ဒီကလေးလေးပြန်အိပ်နေလားမသိပါဘူး။ "

နှုတ်မှတဖွဖွရွတ်ရင်းအိမ်အပေါ်ထပ်ကို
ပြန်ပြေးတက်သွားပြန်တဲ့ဒေါ်ဒေါ့်ကိုကြည့်ရင်း
ညီအစ်ကိုသုံးယောက်သားခေါင်းတခါခါနှင့်
ဖြစ်နေတော့သည်။

တက္ကသိုလ်ပထမနှစ်စတက်ရမည့်ဟွန်းလေး
ထက်ပင်ဒေါ်ဒေါ်ကတက်ကြွလို့စိတ်လှုပ်ရှား
နေသည်မှာမနေ့ညကတည်းကဖြစ်သည်။

စာအုပ်တွေကူထည့်ပြီးလွယ်အိတ်ပြင်သည်
ကတစ်ဖုံ အပြင်အစားအစာတွေနှင့်မတည့်
သည့်ဟွန်းလေးအတွက်ဘာဟင်းနှင့်ထမင်းဘူး
ထည့်ပေးမည်ကိုစဥ်းစားသည်ကတစ်မျိုး.....
တစ်ယောက်တည်းအလုပ်ရှုပ်နေတော့တာပါပဲ။

" လာပါပြီ ဒေါ်ဒေါ်ရဲ့.....မျက်မှန်ပျောက်နေလို့
လိုက်ရှာနေရလို့ပါ။ "

ဒေါ်ဒေါ်ပင်အပေါ်မရောက်သေးပြေးလာတဲ့
အငယ်လေးကဒေါ်ဒေါ့်ကိုလက်ကဆွဲလို့
လှေကားပေါ်မှဆင်းလာသည်။

ဆွယ်တာခရမ်းရောင်လက်ရှည်လေးနဲ့ပူတင်း
လုံးလေးကတက္ကသိုလ်ပထမဆုံးတက်ရမှာမို့
အပီအပြင်ရှိုးထုတ်လာပုံရသည်။

" ဟုတ်ပါရဲ့။ ဒေါ်ဒေါ်မနေ့ကမျက်မှန်ကို
မေ့သွားပြီးသေချာမလုပ်ပေးလိုက်ရဘူး။ "

ဧည့်ခန်းထဲမှာထိုင်နေတဲ့အစ်ကိုသုံးယောက်
ကတော့ပိုရန်ကောဆိုတဲ့အကြည့်ဖြင့်သာ
ကြည့်နေလိုက်ကြသည်။

" ဟွန်းလေးက ကိုငယ်နဲ့အတူလိုက်မှာလား။ "

" လိုက်ပါဘူး။ ဟွန်းကသူငယ်ချင်းနဲ့အတူ
သွားမှာ။ ဟွန်းကိုလာခေါ်မယ်တဲ့။ "

" ဘယ်သူလဲ ဟွန်းလေး...... "

ကိုကြီးကစိုးရိမ်တကြီးမေးလာသည်။

" ဘယ်သူရှိရမလဲ ကိုကြီးရဲ့တစ်မိုးအောက်
တစ်ယောက်ဝမ်ရိပေါ်လေ......ဟီး.......သူ့
အိမ်ကသူ့ကိုကားအသစ်ဝယ်ပေးထားလို့တဲ့။
အဲ့ဒါသူနဲ့ပဲသွားလိုက်မယ်နော်။ "

ဧည့်ခန်းထဲကအစ်ကိုသုံးယောက်ကိုချွဲရတာ
လည်းဆယ်ဟွန်းလုပ်နေကျတွေထဲကတစ်ခု
ဖြစ်သည်။

 WITH LOVE [ChanHun OTP]Where stories live. Discover now