" ကိုကြီးကလည်း......ဟွန်းကခရီးထွက်ရမယ်
ဆိုပြီးပျော်နေတာကို...... "အလိုမကျတဲ့အသံလေးကခပ်စူးစူး
ထွက်လာတော့သည်။" ကိုကြီးတကယ်ကိုအရေးကြီးအစည်းအဝေး
ရှိနေလို့ပါဟွန်းလေးရယ်.....တစ်ဖက်ကအရေးကြီး
တဲ့ အချက်အလက်တွေတိုင်ပင်ဆွေးနွေးချင်တယ်
ဆိုပြီးအလောတကြီးဆက်သွယ်လာတာမို့ကိုကြီး
လုံးဝငြင်းလို့မရပါနော်။ "ဒီပိတ်ရက်ကို day trip လေးတစ်ခုလိုက်ပို့
ပေးမည်ဟုကတိပေးထားသောကြောင့်
မသွားရဘူးဆိုသည့်အခါဂျီကျနေတော့သည်။" အဲ့ဒါဆို ကိုလတ်ကရော.....ကိုကြီးမပါလည်း
ကိုလတ်နဲ့ကိုငယ်ရှိနေတာပဲကို...... "ဂျစ်တူးလေးကနှုတ်ခမ်းကိုစူလို့.....
" ကိုလတ်ကဆေးရုံအုပ်ကြီးအရေးတကြီး
ဆက်သွယ်လာလို့ခွဲခန်းကိုယ်စားဝင်ပေးရမှာ
မို့ပါဟွန်းလေးရယ်.....ကိုလတ်တို့နောက်တစ်ပတ်
မှအားလုံးလူစုပြီးသွားကြမယ်လေ နော် "" ကိုငယ်ကလည်းသူငယ်ချင်းတွေနဲ့ချိန်းထား
ပြန်ပြီမလား။ ရပါတယ်....သွားကြပါ။ ဟွန်းကိုပဲ
တစ်ယောက်တည်းပစ်ထားလိုက်ကြပါ။ "လှေကားပေါ်ကိုခြေဆောင့်တက်သွားတဲ့
အဆိုးလေးကတမင်ဂျစ်တိုက်လို့ဂျီကျနေမှန်း
သိပေမယ့်လည်းအစ်ကိုသုံးယောက်မှာတော့
စိတ်မကောင်းဖြစ်ရပြန်ပြီဖြစ်သည်။လုပ်ငန်းခွင်ထဲလည်ပတ်နေကြရတဲ့ဘဝတွေမို့
တစ်ဦးတည်းသာရှိတဲ့ညီအငယ်ဆုံးလေးကို
အချိန်မပေးနိုင်တာကြာပြီမဟုတ်လား။သို့ပေမယ့်လည်းလုံးဝကိုမလွှဲသာမရှောင်သာ
အခြေအနေမို့မသွားလို့ကလည်းမရ။" ကဲ.....ဒေါ်ဒေါ်ရေ.....ကျွန်တော်တို့အဆိုးလေး
ကိုအပ်ပါတယ်ဗျာ။ ဒီနေ့တော့ဒေါ်ဒေါ့်ကိုပဲ
အပူကပ်ပြီးချွဲနေတော့မှာမို့ဂရုစိုက်ပေးပါဦးဗျာ။ "ရီဖန့်စကားကြောင့်ဒေါ်ဒေါ်ကခပ်ပြုံးပြုံး.....
" မင်းမမှာလည်းဒေါ်ဒေါ်ကဂရုစိုက်ပြီးသားပါ။
စိတ်သာချ။ စားချင်တာတွေချက်ကျွေးပြီး
ဒေါ်ဒေါ်ချော့ပေးထားပါ့မယ်ရှင်။ "
YOU ARE READING
WITH LOVE [ChanHun OTP]
Fiksi PenggemarLove can make everything...... ငါဆိုတာမင်းအတွက်ဖြစ်တည်လာတဲ့ ဖြစ်တည်မှုမျိုးဆိုတာကိုတစ်လောကလုံး ထက်မင်းသိနေတာကိုပဲလိုချင်ခဲ့တာပါ။ Chanyeol_Sehun Cover by @noel6194