" ကျွန်မကတော့လုံးဝကိုမကျေအေးပေး
နိုင်ပါဘူး။ ဒီမှာကြည့်ပါဦး ကျွန်မသားလေး
မျက်နှာကိုလုပ်ထားလိုက်တာ.....ကျွန်မတောင်
မထိရက်တဲ့မျက်နှာလေးကိုမှာဒဏ်ရာတွေ
မနည်းမနောပါပဲ။ အဲ့တော့ ကျွန်မကတရားစွဲပြီး
သူ့ကိုမရ ရအောင်ထောင်ချပစ်မှာပါ။ "အထိုးခံရတဲ့လီမင်ယောင်းအမေကမကျေအေး
ပေးဘဲတရားစွဲမည်ဟုသာပြောနေတော့သည်။ကိုငယ်ကတော့အခွင့်ရရင်လီမင်ယောင်းကို
ထပ်ထိုးချင်နေတဲ့ပုံပါပဲ။ဆယ်ဟွန်းနဲ့ရိပေါ်ကတော့အနီးအနားက
ခုံတန်းလေးမှာကျုံ့ကျုံ့ကလေးထိုင်နေ
ရတာပေါ့။ကိုကြီးနဲ့ကိုလတ်ကိုဖုန်းဆက်ထားပြီးပြီမို့
ခဏနေလောက်ဆိုရောက်လာလောက်ကြသည်။" ဒီဘက်ကကျောင်းသားကရောဘယ်လို
ဖြစ်ပြီးအဲ့လောက်ထိလုပ်လိုက်ရတာလဲ။ "" ဦးလေးဆိုရင်ရောမျက်စိရှေ့မှာနှစ်ယောက်
မရှိတဲ့ညီလေးကိုဆွဲလားရမ်းလားလုပ်နေရင်
ဒီတိုင်းပဲကြည့်နေမှာလား။ "" ဒီမှာ!!! မင်းမဟုတ်တဲ့စကားတွေမပြောနဲ့။
ငါ့သားကမင်းညီကိုအဲ့လိုလုပ်စရာအကြောင်း
ရှိကိုမရှိဘူး။ အဲ့ဒါကြောင့်သူ့ကိုတရားစွဲဖို့သာ
အရာရှိကြီးကအမြန်ဆုံးစီစဥ်ပေးပါကွယ်။ "" ဟက်.....လုပ်လားမလုပ်လား ခင်ဗျားသား
ကိုသေချာမေးကြည့်လိုက်လေ။ ပြီးတော့....
ကျွန်တော်သူ့ကိုပထမတစ်ခေါက်ကတည်းက
နောက်တစ်ခါဆိုမင်းအသေပဲလို့သတိပေး
ထားရက်နဲ့လုပ်တာ။ "" မင်းမဟုတ်တာမပြောနဲ့!!!! "
" ကဲ....ကဲ.....တော်ကြပါတော့။ ကျောင်းသား
ရဲ့အုပ်ထိန်းသူကိုဆက်သွယ်ထားပြီမို့ ခဏ
လေးစိတ်ရှည်ပေးကြပါဗျာ။ "တစ်ယောက်တစ်ခွန်းစကားများနေကြသည်မို့
စခန်းကတာဝန်ရှိသူကဝင်ပြီဖြန်ဖြေပေးရသည်။" ဆယ်.....ဆယ်ဟွန်းရား.....ငါတို့ဒီနေ့တော့
အိမ်ပြန်ရမှာပါနော်။ ကိုကြီးတို့ကလည်း
ကြာလိုက်တာ။ မိုးချုပ်ရင်အိမ်မှာငါအဆူခံ
ရမှာဟ။ "" ရောက်လာကြတော့မှာပါ။ မင်းအိမ်ကို
ငါလိုက်ပို့ခိုင်းပေးပါ့မယ်ကွာ။ ဟော......
ဟိုမှာကိုကြီးနဲ့ကိုလတ်ရောက်လာပြီ။ "
YOU ARE READING
WITH LOVE [ChanHun OTP]
FanfictionLove can make everything...... ငါဆိုတာမင်းအတွက်ဖြစ်တည်လာတဲ့ ဖြစ်တည်မှုမျိုးဆိုတာကိုတစ်လောကလုံး ထက်မင်းသိနေတာကိုပဲလိုချင်ခဲ့တာပါ။ Chanyeol_Sehun Cover by @noel6194