Zawgyi
မစုတစ်ယောက် အကဲခတ်နေတာ မမလေးက ခွန်းသစ္စာချိုကို မေတ္တာသက်ဝင်နေပုံရတယ်...
မမကြီးကြိုသတိပေးထားပေမဲ့ အကယ်၍ဖြစ်သွားရင်ရော..."မမလေး... ထတော့လေ ဒီနေ့ခွန်းငယ်စာမေးပွဲပြီးတဲ့နေ့မလို့ ခွန်းကြီးအစား သွားကြိုပေးရမယ်လေ..."
"5မိနစ်😴..."
"ဟုတ်ကဲ့ပါ 5မိနစ်ဘဲနော်..."
ဘာလိုလိုနဲ့ဒီကိုရောက်တာတစ်ပတ်ပြည့်ပြီ... စိတ်ထဲခွန်းငယ်အမြဲတမ်းစိုးမိုးနေတယ် သို့ပေမဲ့ ချစ်တယ်ဆိုတာ မဝန်ခံချင်ဘူး... သူကငါ့ကိုမချစ်ရင်ရော😔 ဘယ်ချစ်နိုင်ပါ့မလဲနော် သူကမိန်းကလေးလေ ငါကလည်းမိန်းကလေး... ဘာလို့ မိန်းမတစ်ယောက်ကိုမှရင်ခုန်နေရတာလဲ...
လွန်ခဲ့တဲ့ရက်တွေက သူကြယ်လေးအပေါ် အရမ်းဂရုစိုက်လွန်းတယ် မစုထပ်ပိုပြီပေါ့... မျက်ဝန်းတွေထဲ အဖြေရှာနေပေမဲ့ ချစ်တယ်ဆိုတဲ့စကားကို ဘာလို့ပြောမထွက်တာလဲ... အကယ်၍ကြယ်လေးအိမ်ကသိရင်ရောလက်ခံပါ့မလား ရင်ထဲဗလောင်ဆူနေပြီ အိပ်မက်တွေထဲ မိန်းမတစ်ယောက်ရဲ့နောက်ကျောကိုဘဲ ကြည့်ပြီးငိုနေရတာ အဲ့ခံစားချက်ကအရမ်းနာကျင်လွန်းတယ်...
"မမလေးရေ 5မိနစ်ပြည့်ရုံတင်မကဘူး နာရီဝက်လွန်သွားပါပြီ..."
"ဟုတ် ထပြီ ရေချိုးလိုက်ဦးမယ်နော်... ဒါနဲ့မစု ကြယ်လေးက ကြောင်ချစ်တတ်လား...."
"ဟင် မချစ်တတ်ပါဘူး... အိမ်မှာလည်းမမွေးထားဘူး..."
"လက်ဆောင်ရထားတာတွေထဲ ကြောင်ရုပ်ရှိလား..."
"မမလေးရယ် ပေါက်ပေါက်ရှာရှာ မမလေးမွေးနေ့တိုင်း ရတနာပစ္စည်းတို့ Phအသစ်တို့ ကားတို့ဘဲ လက်ဆောင်ရတာ ပြီးတော့ မမလေးက အရုပ်မကြိုက်ဘူး ကလစ်တွေဘာတွေပန်တာမရှိဘူး အသစ်ထွက်တဲ့ အလှကုန်ပစ္စည်းတွေ မမကြီးဝယ်ပေးထားပေမဲ့ သိပ်ပြင်ဆင်လေ့မရှိဘူး..."
"ဒါဆိုကြယ်လေးက ယောက်ျားလေးဆန်နေတာလား..."
"အဲ့လိုလည်းမဟုတ်ဘူးမမလေးရဲ့ တစ်ခါတလေပွဲတက်မှသာပြင်တာ..."
"အချစ်ကဘာလဲဟင်..."
"ထပ်မေးပြန်ပြီလား မမလေးရယ်... အချစ်ကပူလောင်တယ် အေးမြတယ် ရောထွေးတယ် ကဲဘာမှမတွေးနဲ့တော့ ရေချိုးတော့ ကြိုရမဲ့အချိန်က က်နေပြီ..."
YOU ARE READING
Meow
Fantasy(Z+U) စိတ်ကူးပုံစံအသစ်နဲ့ ့အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဦး...ကြောင်မလေးကို ကျိန်စာကနေကယ်တင်နိုင်မလား...ဘာတွေဆက်ဖြစ်မလဲ... #DVassan (Z+U) စိတ်ကူးပုံစံအသစ်နဲ့ အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဉီး...ကြောင်မလေးကို...