Zawgyi
"ဒီရုပ်ထုကို တစ်လွှာချင်းဆီ ခွာချပေးပါ ရုပ်ထုထဲက ပစ္စည်းကိုလိုချင်တယ်..."
"အရှင့်သမီး ဒီရုပ်ထုကချစ်ကြည်ရေးပဏ္ဍာပါ..."
"အထိန်းတော် ဒီတိုင်းပြည်ရဲ့အတော်ဆုံးပန်းပုပညာရှင်ခေါ်လာခိုင်းတာလေ ငါ့အမိန့်ဖီဆန်လို့ ကွပ်မျက်ခံရမဲ့သူကိုခေါ်လာခိုင်းတာမဟုတ်ဘူး😡..."
"မှန်လှပါ ဒီပုဂ္ဂိုလ်ကအတော်ဆုံးပန်းပုပညာသည်ပါ..."
"အရှင့်သမီး ကျွန်တော်မျိုးက...""တိတ်စမ်း..."
"စိတ်လျော့ပါခွန်းငယ်ရယ် အယ် မှားလို့ ဘုရင်မရယ် ကဲပညာရှင်ကြီး ရှင်ထုဆစ်ပေးမှာလား သေမိန့်ပေးရမလား သေမိန့်ဆိုရင် ဆွေစဉ်ခုနှစ်ဆက်နော်☺️..."
"မင်းသမီးဧချင်း စိတ်လက်မာန်ပါမပြုပါနှင့် ကျွန်တော်မျိုးအမိန့်တော်နာခံလျက်ပါ..."
"အထိန်းတော် အဲ့ရုပ်ထုကို ဥယျာဉ်တော်ထဲထားပြီး ပန်းပုပညာသည်ကို အလုပ်ပေးလိုက် ငါကိုယ်တော်ကိုယ်တိုင် သူ့အနားမှာရှိမှာမလို့ ဥယျာဉ်တော်ထဲ မည်သည့်အရိပ်မှမမြင်ချင်..."
"မှန်လှပါ..."
လူသူတွေရှင်းပြီး ဥယျာဉ်ပေါ်ပျံတဲ့ငှက်အစ လေးသမားတွေချိန်ထားတယ် အော် ငါ့အမိန့်ကလည်း အရိပ်ဆိုတာနဲ့ ငါ့အရိပ်ပါဖယ်မဲ့လူတွေ မလွယ်ဘူး🙁...
"ဒါနဲ့မမရာရော..."
"ဆရာဝန်ဆိုတော့ ထုံးစံအတိုင်းသမားတော်တွေကိုပညာပေးနေလေရဲ့😅..."
"ဟားဟား😂 ခွန်းကြီးကရော ကိုယ့်မိန်းမနားမနေဘဲ အဲ့တော့ဟိုကပညာပြပြီပေါ့..."
"ခွန်းငယ် ကြယ်လေးအခြေအနေကြည့်ရတာသိပ်မဟန်လို့ အဲ့တာ..."
"ဘာဖြစ်လို့လဲ..."
"သူ့ကို အိပ်မွေ့ချပြီး ခဏထိန်းထားမလားလို့..."
"မဖြစ်ဘူးခွန်းကြီး သူ့မှာ😞..."
"သိပါတယ် သို့ပေမဲ့ ငါဒီရောက်တာလေးရက်ရှိနေပြီ ကြယ်လေးအခြေအနေဆိုးလာတယ် ဆရာဝန်တစ်ယောက်အနေနဲ့ ခန့်မှန်းမိတာကို ဖြစ်နိုင်ချေပြောရရင် ပစ္စုပ္ပန်မှာ သူ့ခန္ဓာကိုယ်ကို ဆေးငွေ့ချထားလောက်တယ် ဖြစ်နိုင်သမျှ ထိန်းထားတာအကောင်းဆုံးဘဲ..."
YOU ARE READING
Meow
Fantasy(Z+U) စိတ်ကူးပုံစံအသစ်နဲ့ ့အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဦး...ကြောင်မလေးကို ကျိန်စာကနေကယ်တင်နိုင်မလား...ဘာတွေဆက်ဖြစ်မလဲ... #DVassan (Z+U) စိတ်ကူးပုံစံအသစ်နဲ့ အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဉီး...ကြောင်မလေးကို...