Zawgyi
မြူမှုန်တွေနဲ့ပြည့်လျှံနေတဲ့ တောထဲ ငါဘယ်လိုရောက်နေတာလဲ🤨... ငါဘာမှသေချာမမြင်ရပါလား... လည်ဆွဲလေးက မီးလင်းနေတယ် သူငါ့ကိုခေါ်ဆောင်သွားနေတာ သက်ရှိလူသားတစ်ယောက်လိုဘဲ... ငါဒီနေရာနဲ့ ရင်းနှီးနေတယ်လို့ ခံစားနေရတယ်😔...တိုက်ပြိုကြီးတွေကြား ငိုကြွေးဖူးတယ်😢... အသက်ရှုရပ်မတတ် လူတစ်ယောက်အတွက် ပေးဆပ်ဖူးတယ်🤕...ဟင် ကြောင်ကလေး😍...
"သင်ဟာ ကျွန်ုပ်၏*&%#*&#%..."
ဘာတွေပြောနေပါလိမ့်😖...ဝူးဝူးဝါးဝါးနဲ့...ကြောင်ကလေးက လူစကားပြောတယ်တဲ့လား...ဟမ် သူမ သူမက...
"ကြောင်ကလေး...ကြောင်ကလေး!😵..."
"မမလေး မမလေး😲...ထပါဦး... အိမ်မက်ဆိုးမက်နေလို့လား ချွေးတွေရွဲလို့..."
"မစု...ကြယ်လေးလေ ဘာမှမဟုတ်တော့ဘူး😞..."
"ဘာလိုလို့လဲ မမလေး... ဟမ် ဗုဒ္ဓေါ😱 မမလေးအနီစက်တွေထွက်နေပြီ...မမကြီးခေါ်လို့မဖြစ်သေးပါဘူး မိုးကုတ်သွားနေတယ်... သခင်ကြီးက ဆူဆူညံညံတွေကြားရင် မကြိုက်ဘူး... ကားဆရာမောင်လှကိုဘဲ လှမ်းခေါ်ရတော့မယ် မမလေး?...သတိထားပါဦး!... အိမ်တော်ထိန်းကြီး ဟယ်လို...မမလေး အရေးပေါ်အခြေအနေမလို့ လူနာတင်ယာဉ်အမြန်ဆုံးခေါ်ပေးပါ😖..."
"ဘာတွေဖြစ်နေတာလဲ ဆူဆူညံညံတွေနဲ့😡..."
"ဟို😰 သခင်ကြီး မမလေး အနီစက်တွေရုတ်တရက်ထလာပြီး...သတိလစ်သွားလို့ပါ..."
"သူ့အမေခေါ်ပြီး ဆေးရုံသွားလေ😒..."
"ဟို မမကြီးက... ဟိုဟာ😣..."
"တောက်😡 မြန်မြန်ဖြေစမ်း..."
"ဟို 😢မမကြီးက ဒီညပြန်မလာပါဘူး... အလုပ်ကိစ္စနဲ့ မိုးကုတ်ဘက်သွားပါတယ်..."
"ဟာကွာ သူ့အဖေရော😤..."
"ဟို... ညစာ ညစာစားပွဲကနေ ပြန် ပြန်မ😩..."
"တော်တော့😒 မိစု နင်ဟာလေ ငါ့မြေးတစ်ခုခုဖြစ်တိုင်း နင်ကပြာယာပြာယာနဲ့...အိမ်တော်ထိန်း...ကလေးကိုမြန်မြန်ဆေးရုံပို့ဖို့ပြင် ပြီးရင် မနက်ဖြန်ကျောင်းတက်ရက် ခွင့်တိုင်လိုက်... မောင်လှ ငါလိုက်မှာမလို့ ကားသေချာစစ်ထား...မိစု ငါ့အတွင်းရေးမှူးဆီphဆက်လိုက်...ဆေးရုံအုပ်ဆီ ငါ့မြေးကို အတော်ဆုံးဆရာဝန်တွေနဲ့ပြမယ်လို့..."
YOU ARE READING
Meow
Fantasy(Z+U) စိတ်ကူးပုံစံအသစ်နဲ့ ့အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဦး...ကြောင်မလေးကို ကျိန်စာကနေကယ်တင်နိုင်မလား...ဘာတွေဆက်ဖြစ်မလဲ... #DVassan (Z+U) စိတ်ကူးပုံစံအသစ်နဲ့ အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဉီး...ကြောင်မလေးကို...