Meow-26

640 71 0
                                    

Zawgyi

သက်ဆိုင်သူတွေက သက်ဆိုင်တဲ့နေရာရောက်ကုန်ပြီ ဆက်ပြီးကျိန်စာပြယ်ဖို့ဘဲ မျှော်လင့်ရတော့မယ်မဟုတ်လား ရင်လေးမိပါရဲ့...

"ဒကာကြီး တရားခံကိုမိထားတယ်ဆို..."

"တင်ပါ့ နာမ်သက်သက်ပါ တပည့်တော်တို့ သူ့ထောင်ချောက်ထဲဝင်မိသွားတာပါ..."

"ဘယ်လို🧐..."

"အယောင်ပြသက်သက်ဖမ်းခံတဲ့ ဝိညာဉ်သက်သက်ပါ သူ့ကိုစစ်မေးနေပေမဲ့ အဆင့်နိမ့်ဝိညာဉ်မလို့ စကားပြောဖို့နေနေသာသာ သူကိုယ်တိုင် အညှို့ခံရလို့ ထောင်ချောက်တဲ့ဝင်တဲ့ပုံစံဖြစ်နေပါတယ်..."

"မန္တန်ကို ဒကာမလေးရွတ်ပြီးပြီဆိုတော့ ဘာအကျိုးသက်ရောက်မှုရှိမလဲ..."

"တင်ပါ့ သမိုင်းကြောင်းကိုတစ်ခါသာပြင်ခွင့်ရှိပါတယ်... သက်ဆိုင်သူတွေထဲက တစ်ဦးကတော့ အသက်စတေးခံရဖို့နည်းလမ်းများနေပါတယ်..."

"မတည်မြဲခြင်းတရားတွေ ကပ်တွယ်နေတာတောင် ရုပ်ကိုတဏှာစိတ်ထားမိတာနဲ့ သံသရာအထိစွဲပါလာတာ အငြိုးအာဃာတတွေပါဘဲလား..."

"တင်ပါ့..."

"ကဲ ဒကာမတို့နားတော့..."

ဒီကိစ္စကိုဘယ်လိုဖြေရှင်းပေးရမလဲ... တစ်ဖက်လူက ရုပ်ပြောင်းရုပ်လွဲတတ်တဲ့ ပညာသည်ဘဲဖြစ်ရမယ်... ဘုန်းဘုန်းကိုပြောရမလား မဖြစ်ဘူး ဝိညာဉ်ပြောပုံအရ သူ့ကိုကြိုးဆွဲသူဟာ သက်တမ်းကြာရှည်နေတဲ့ လူမဟုတ်တဲ့လူဘဲ ကျမ်းစာပိုင်ရှင်က ဘာလို့များ ကလေးတွေကို အန္တရာယ်တောထဲပို့လိုက်ရတာလဲ သူသိနေလို့များလား တရားခံကိုသိလျက် လွှတ်တယ်ဆိုရင်တော့ အရဲစွန့်ရာကျမနေဘူးလား...

"ဘုန်းဘုန်း တပည့်တော် ကျမ်းစာပိုင်ရှင်နဲ့စကားပြောကြည့်ပါဦးမယ်..."

"ကောင်းပါပြီဒကာကြီး..."

ဒကာကြီးတစ်ခုခုသိထားပုံရတယ် စိုးရိမ်တဲ့မျက်လုံးတွေက ဘာကြောင့်လဲ... အနိစ္စ ဒုက္ခ အနတ္တ မတည်မြဲတာကို တည်မြဲအောင်လုပ်ပြီး ပင်ပန်းနေကြရတာပါဘဲလား...

"အဘွားအိပ်သွားပြီထင်တယ်..."

"မအိပ်သေးဘူး ဟိုဘက်ခန်းထဲသူဌေးနဲ့စကားပြောနေတယ်... ဟဲ့တံခါးခေါက်သံကြားတယ် သွားကြည့်လိုက်ဦး..."

MeowWhere stories live. Discover now