Zawgyi
ဘာလိုလိုနဲ့စာမေးပွဲကြီးတော့ ပြီးသွားတာဘဲ... Resultထွက်ရင် ရင်ဖို့ရဦးမယ်... ကြောင်ရုပ်ရဲ့ခေါ်သံလည်းမကြားရသလို ကြယ်လေးစိတ်တွေကြည်လင်နေတယ်... Bioဖြေပြီးတဲ့နောက် တန်းအိပ်လိုက်တာ နောက်နေ့မနက်တောင်ကူးသွားတယ် ဟားဟား😅😅 ကြယ်လေးအိပ်ပုတ်ကြီးမိတာဘဲ...
"မမလေး ထတော့...သခင်ကြီးတို့ မနက်စာ စားဖို့စောင့်နေပါတယ်..."
"မစု...ကြယ်လေးရေချိုးချင်သေးတယ်...မာမီကိုပြောထားလိုက် စားနှင့်လို့..."
"ဟုတ်မမလေး..."
ရေစိမ်ရတဲ့ဇိမ်ကို ဘာနဲ့မှမလဲနိုင်ပါဘူး...ဒါနဲ့ မနေ့ကအပြန် တိမ်ယံတစ်ယောက် အဖြေထပ်တောင်းနေပြန်တယ်...စိတ်ညစ်လိုက်တာ မချစ်နိုင်ပါဘူးဆိုတာကို😣... သုဝဏ္ဏကို ရင်ခုန်မိပေမဲ့ တကယ်ကျချစ်လား မချစ်လားမသေချာ...
"သမီးရေ..."
"ဟုတ်မာမီ ကြယ်လေးရေစိမ်နေလို့ ခဏနေထွက်ခဲ့မယ်..."
"မြန်မာဆန်တာလေးဝတ်ခဲ့နော်... ဘုန်းကြီးကျောင်းသွားစရာရှိတယ်..."
"ဟုတ်ကဲ့ပါ မာမီ..."
ဘာလဲဟ😕...ပြောတော့ စာမေးပွဲပြီးတာနဲ့ လုပ်ချင်ရာလုပ်ဆိုလို့ Shoppingထွက်မလို့ပါဆို...
"မာမီ..."
"သမီးထိုင်လေ မနက်စာပြင်ထားတယ် ကြိုက်တာစား..."
"😕မစု ဒီနေ့ဘာနေ့လဲ..."
"ဗုဒ္ဓဟူးနေ့ပါ မမလေး... ကော်ဖီခါးခါး ပြင်ခိုင်းထားပါပြီ☺️..."
"မစုကို စိတ်တိုင်းကျတယ် မာမီ😊..."
"သဘောပေါက်ပြီ...အိမ်တော်ထိန်း မစုကိုBonusထည့်ပေးလိုက်... မစုလည်း အိမ်ကို ဒီနေ့သွားလည်လိုက်လေ☺️... ညနေ ၇နာရီလောက်တော့ ပြန်လာပေါ့..."
"ဟို မမလေး..."
"ရပါတယ် ခဏသွားလည်လိုက်ပါ ညီမလေးလည်း စာမေးပွဲပြီးထားတယ်မလား..."
"ဟုတ်..."
မစုထွက်သွားမှ မာမီတစ်ခုခုကိုပြောချင်နေပုံရတယ်...ကော်ဖီခါးခါးရဲ့အရသာက အားငယ်တဲ့သူခံစားချက်ပြင်းတဲ့လူတစ်ယောက်ကို တက်ကြွစေတယ်တော့မဟုတ်လား...ကော်ဖီခါးခါးသောက်တာ အသဲကွဲသမားတွေအသောက်များတယ်တဲ့...ဘယ်တတ်နိုင်မလဲ မကွဲပေမဲ့ ကြိုက်တာကို😌...
YOU ARE READING
Meow
Fantasy(Z+U) စိတ်ကူးပုံစံအသစ်နဲ့ ့အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဦး...ကြောင်မလေးကို ကျိန်စာကနေကယ်တင်နိုင်မလား...ဘာတွေဆက်ဖြစ်မလဲ... #DVassan (Z+U) စိတ်ကူးပုံစံအသစ်နဲ့ အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဉီး...ကြောင်မလေးကို...