Zawgyi
တိမ်ယံလေးနာရေးကို ရန်ကုန်မှာဘဲလုပ်မယ်ပြောတယ် အဆင်ပြေပါ့မလားမသိ ကလေးရဲ့မိဘတွေက Brokenထင်ပါရဲ့ တိမ်ယံလေးဆုံးတာတောင် သူ့အမေလား မိထွေးလား ဘာမှမဖြစ်သလိုဘဲ😔...
ဂျာကြီးမနှိုးတာ ဒီနေ့နဲ့ဆိုသုံးရက် ပင်ပန်းနေလားဆို ဟင့်အင်း သူ့အတွက်ဆို နဖူးကချွေးခြေမကျသည်အထိ အပြုံးမပျက်ပြုစုနိုင်တယ် ဒါငါ့ရဲ့အချစ်ဘဲ...
"မမ..."
"ဟင် လာလေကလေး ဘာပြောစရာရှိလို့လဲ..."
အသက်သုံးနှစ်အရွယ်ကလေးလေး မုန့်ဖောက်ခိုင်းမလို့တူပါရဲ့ သူ့မိဘတွေရော...
"မမ ဒီမုန့်မှာယေ ကန်ဇမ်းမဲပါသယ်ယဲ့..."
"မမကဖောက်ပေးရမှာလား ပေးလေ..."
"မမပေါက်ရင် အဲ့ကန်ဇမ်းမဲဂို မမပိုင်သွားမှာပေါ့🤨..."
"မမကမယူဘူးလေ ကလေးစားလို့ရအောင် ဖောက်ပေးမယ်☺️..."
"ဒီလိုယုတ် ဟို သားဂဒီထဲကမုန့်ဆားမယ် မမကကန်ဇမ်းမဲယူ..."
"ဟုတ်ပါပြီကလေးရယ်..."
ဒီမုန့်မမြင်ဖူးဘူး ကလေးအကြိုက်ဆိုတော့ အရုပ်ပါတယ်တူပါရဲ့ ဖောက်ဖောက်ချင်း အနံ့ကစိမ်းရွှင်ရွှင်နဲ့ ခေါင်းတောင်မိုက်ခနဲဘဲ အထဲမှာ စာရွက်နဲ့ဆွဲသီးလေး ထူးဆန်းလိုက်တာ အနည်းဆုံး ၅၀၀လောက်ဘဲတန်တဲ့မုန့်မှာ ဒီလောက်ထိပါတော့...
"ကလေးဒီမှာရော့..."
"မမ အဲ့စာနဲ့အသီးလေးဂ မမယူလိုက် မေမေဆူမှာဆိုးလို့ သွားပီ..."
မပီကလာပီကလာနဲ့ ဒီကလေးလေးချစ်ဖို့ကောင်းနေပြန်ရော စကားမဆုံးသေး ဘယ်ရောက်သွားမှန်းမသိ မြန်ချက်ဘဲဟေ့...
စာလိပ်ကလေးထဲ 'သင်ကံကောင်းပါတယ် သင့်ရဲ့ကံကြမ္မာကို လမ်းညွှန်ပေးမဲ့သူ အနားရောက်လာပါလိမ့်မယ်' ပေါက်ပေါက်ရှာရှာပါ😅...ဆွဲသီးလေးက ပေါ့ပေါ့ပါးပါးဘဲမလို့ အင်္ကျီအိတ်ကပ်ထဲသိမ်းထားလိုက်တယ်... တစ်ရေးတမောလောက်နားချင်နေပြီ...
"ယွန်း.."
"ဂျာကြီး..."
"ကိုကိုလို့ခေါ်နေကြမလား ဘာလို့ဂျာကြီးလဲ..."
YOU ARE READING
Meow
Fantasy(Z+U) စိတ်ကူးပုံစံအသစ်နဲ့ ့အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဦး...ကြောင်မလေးကို ကျိန်စာကနေကယ်တင်နိုင်မလား...ဘာတွေဆက်ဖြစ်မလဲ... #DVassan (Z+U) စိတ်ကူးပုံစံအသစ်နဲ့ အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဉီး...ကြောင်မလေးကို...