Zawgyi
ရဲမှူးစကားလာပြောတော့ ခပ်လန့်လန့်ရယ်...
ဘာဘဲဖြစ်ဖြစ် ငါမှားတာမရှိတော့ အားတင်းရမှာဘဲလေ😔..."ညီမ Vedioလာယူတဲ့နေ့က ပြောစရာရှိလို့ စကားစလိုက်တယ်မလား အဲ့တာ အစ်ကိုကိုပြောပြနိုင်မလား အဲ့နေ့ကအရေးကြီးကိစ္စရှိနေလို့ စကားပြတ်သွားတာ☺️..."
"ဟို ထွေထွေထူးထူးတော့မရှိပါဘူး Vedioက ညီမစကြည့်တဲ့ဟာနဲ့ နည်းနည်းကွာတယ် ဘယ်လိုပြောရမလဲ..."
"ဘယ်လိုမျိုးလဲ Editထားတဲ့ပုံစံမျိုးလား ဒါမှမဟုတ် Vedioကနောက်တစ်ခုဖြစ်နေတာလား..."
"အဲ့လိုထင်ရပေမဲ့ အဲ့နေ့ကမမရာအခန်းထဲ ညီမကလွဲကျန်တဲ့သူမရှိပါဘူး... ဝင်လာတဲ့သူလည်းမရှိဘူး အစ်ကိုရောက်မလာခင်အထိ ညီမကြည့်နေပေမဲ့ အစ်ကိုဝင်ကြည့်တော့ ပုံတွေကအဲ့လိုတွေဖြစ်သွားတာပါဘဲ..."
"မျက်နှာမဲနေတာ နှစ်ယောက်တည်းမလား... Vedioထဲကနေ အစ်ကိုပုံထုတ်လာတယ် ဒီမိန်းကလေးကိုမြင်ဖူးလား..."
"ခွန်းငယ်..."
မမရာရောက်လာတာ ငါ့ကိုစိတ်ပူနေတဲ့ပုံဘဲ မမရာလုပ်မှ ဟိုကပိုသံသယဝင်တော့မှာဘဲ...
"အော် ဒေါက်တာ ခုမှပထမဆုံးအကြိမ်တွေ့ဆုံရတာ ဝမ်းသာပါတယ်ခင်ဗျာ..."
"ဟုတ်ကဲ့ ရဲမှူးလှိုင်မင်းအကြောင်းကြားဖူးပြီးသားမလို့ ဆုံချင်နေခဲ့တာ... တွေ့ရတာဝမ်းသာပါတယ်ရှင့်..."
"ဒါနဲ့ ဟိုVedio..."
"ဘာ ဘာဖြစ်လို့လဲ..."
မမရာ စကားထစ်နေပုံနဲ့တော့ ဘယ်လိုစကားဖြတ်ရမလဲ...
"ဒီမယ်လေ မမရာ Vedioထဲကကောင်မလေးပုံကိုပြတာ မြင်ဖူးလားတဲ့..."
"အော် မှတ်မိပြီ... ဒီကလေးမရဲ့အမေ အသတ်ခံလိုက်ရတာ ရက်ရက်စက်စက်ဘဲ... စိတ်ကျန်းမာရေးဆေးရုံမှာ လူတစ်ယောက်ရဲ့နှလုံးကို သစ်သားအချွန်နဲ့ထိုးတာ သွေးအေးချက်ဘဲ... သူ့အသက်က ခန့်မှန်းခြေ ၂၅နှစ်လောက်ရှိပြီထင်တယ်..."
"ဘယ်လို... မဖြစ်နိုင်တာ သူမအကြောင်းစုံစမ်းကြည့်တော့ ဒေါ်နန်းလွှာဖြူတို့နဲ့ပတ်သက်နေတယ်ဗျ..."
YOU ARE READING
Meow
Fantasy(Z+U) စိတ်ကူးပုံစံအသစ်နဲ့ ့အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဦး...ကြောင်မလေးကို ကျိန်စာကနေကယ်တင်နိုင်မလား...ဘာတွေဆက်ဖြစ်မလဲ... #DVassan (Z+U) စိတ်ကူးပုံစံအသစ်နဲ့ အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဉီး...ကြောင်မလေးကို...