Zawgyi
နာရီလက်တံတွေ အလီလီရွေ့လျားနေပေမဲ့ စိတ်ထဲထစ်နေတာရှိတယ်... ကျမ်းစာမူရင်းသာမရှိခဲ့ရင် အဲ့ကျိန်စာရဲ့ဖြစ်တည်မှုကိုမသိနိုင်ဘူးပေါ့... အရှုပ်တွေကြားထဲမှာမှ ငါ့မြေးဓားစာခံဖြစ်နေရတယ်လို့ကွာ...
"ဒီအိမ်ပါဆရာ ရောက်ပါပြီ..."
"အရင်ကဈေးညှိထားတာဘယ်လောက်နဲ့လဲ..."
"သိန်း၁ထောင်ပါ..."
"ဒီလောက်ပေးတာတောင်မယူဘူးပေါ့လေ😕..."
"045အဆင်သင့်လုပ်ထား..."
"ဟုတ်ကဲ့..."
အရန်သင့်ပါလာတဲ့ သေနတ်တွေကိုကျည်အပြည့်သွင်းလိုက်တယ်... လူသတ်ဖို့တော့မဟုတ် ခြိမ်းခြောက်သင့်ရင်ခြိမ်းခြောက်ရမှာဘဲလေ လူတွေကတော့တွေးမှာပေါ့ ကြီးနိုင်ငယ်နင်းဆိုပြီး အာဏာရှိတဲ့သူတွေ အနိုင်ကျင့်ကြတယ်ဆိုပြီး... လက်ခံပါတယ် ငါအာဏာနဲ့အနိုင်ကျင့်မိပြီ ငါ့မြေးအတွက်...
"ဘယ်သူများလဲမသိဘူး..."
"ဟင် ခင်မာညို... မင်းဘယ် ဘယ်လိုဖြစ်လို့..."
"အော် ဘယ်သူများလဲလို့ ဟိုနေ့ကလာတဲ့လူတွေဘဲ..."
"ခင်..."
"ခင် ခင်နဲ့ ရှင်ကဘယ်သူမလို့ ကျွန်မနာမည်ကိုသိနေရတာလဲ အဘွားကြီးဆိုပြီးအထင်မသေးနဲ့နော် လက်ဆပြင်းတယ်..."
"ကိုသိပ်ကိုသိတာပေါ့ခင်ရယ်... တစ်ချိန်က ခင်အရမ်းမြတ်နိုးပါတယ်ဆိုတဲ့ ငစိုင်းလေ..."
"ဘယ်လို ငစိုင်းဟုတ်လား... အော် ထင်တော့ထင်သား ဘယ်သူများလဲလို့ အတိတ်မှာ ငွေနဲ့ပေါက်ပြီး အချစ်ကိုတစ်ရာတန်ဇီးထုပ်လို အပျင်းပြေစားဖို့ ဝယ်ခဲ့သူကို မှတ်မိပါသေးရဲ့ ကန်ရေပြင်ကိုသက်သေတည်ပြီ ပေးခဲ့တဲ့ကတိတွေကို ကျွန်မတစ်ခုမေ့သွားတယ် ကန်ရေပြင်ကဘောင်ခတ်ထားတာမလို့ ကတိကလည်း အကန့်သတ်ရှိတယ်ဆိုတာကို ဟွန့်😕..."
"ခင် အထင်မှားနေတာပါ... ကိုကငွေနဲ့ပေါက်ပြီး အရာရာကိုဖြေရှင်းတတ်တဲ့ကောင်မဟုတ်ပါဘူးကွာ ပေးခဲ့တဲ့ကတိကိုမတည်နိုင်ခဲ့တာအတွက်တောင်းပန်ပါတယ်..."
YOU ARE READING
Meow
Fantasy(Z+U) စိတ်ကူးပုံစံအသစ်နဲ့ ့အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဦး...ကြောင်မလေးကို ကျိန်စာကနေကယ်တင်နိုင်မလား...ဘာတွေဆက်ဖြစ်မလဲ... #DVassan (Z+U) စိတ်ကူးပုံစံအသစ်နဲ့ အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဉီး...ကြောင်မလေးကို...