Zawgyi
သာယာတဲ့မနက်ခင်းလေးဘဲ☺️...ခုလို မစုမနှိုးဘဲစောစောထတာ နေသားမကျသေး😔...မနေ့က ဆရာမမျက်နှာမကောင်းဘူး နေမကောင်းလို့လား ဒါမှမဟုတ် လာကြိုနေကြအစ်မ မရှိလို့များလား🤔...
"Morning Honey😘..."
"ဟမ်😱 ရှင် ရှင် ဘယ်သူလဲ..."
"အော်ကလေးရယ် တစ်ရက်လောက်သတိလာမပေးတာနဲ့ မင်းက ကိုယ့်ကို မေ့သွားတာလား😏..."
"ဘာတွေလာပြောနေတာလဲ ကြယ်လေးအခန်းထဲက ခုချက်ချင်းထွက်သွားပါ😒..."
"အိုကွယ်😌ကျွတ် ကျွတ် စိတ်မကောင်းစရာဘဲ... မင်းရဲ့အခန်းဆိုတာ သေချာရဲ့လား ပြန်ကြည့်လိုက်ပါဦး ကိုယ်တို့နှစ်ယောက်ရဲ့အခန်းပါ☺️..."
သေချာပြန်ကြည့်မိတော့ နန်းတော်ပုံစံ ပြဿဒ်အဆောင်အယောင်တွေနဲ့ ငါ့ကို သူခေါ်လာပြန်ပြီလား🤨...
"မင်းသမီးလေး ဖခမည်းတော်က အမှာတော်ပါးလိုက်ပါတယ်☺️..."
"တယ် လျှောက်တင်စေ😒..."
"မင်းသမီးရူပဒေဝီနဲ့အတူ ညီလာခံကို အခစားဝင်စေ... အမိန့်တော်နာမခံပါက မင်းသမီးသုဝဏ္ဏဒေဝီနဲ့အတူ မင်းသမီးရူပဒေဝီအား အခန်းပိတ် ပြန်လည်သုံးသပ်စေမည့်သာဓကအပြင် ကြိမ်ဒဏ် ဆယ်ချက်နဲ့..."
"ဟိုးထား ကောင်းလေစွ😏... ဖခမည်းတော်အား ပြန်လည်လျှောက်တင်လိုက်ပါ၏...ညီလာခံတက်ရောက်မည် ယမန်နေ့တော့မဟုတ် အဘယ်ကြောင့်ဆို မင်းသမီးရူပဒေဝီကို အချိန်ဆွဲခေါ်ယူ၍မဖြစ်ကြောင်း ပြန်လည်လျှောက်တင်စေ😏..."
"မှန်လှပါ ကျွန်တော်မျိုးမ အမှာတော်အား ခွင့်ပြုပါ..."
"သွားစေ😒..."
"ဝါး...အင်း ပျင်းစရာကြီးပါလား... ရှင်ကခေါ်တုန်းက ခေါ်ပြီး ခုကျတော့ 😐..."
"မင်းလေးက ပျင်းတယ်ဆိုတော့ ကိုက မင်းအပျင်းပြေအောင် ဆော့ကစားပေးရမှာပေါ့😈..."
"ရှင်😳 မယုတ်မာနဲ့နော် လွှတ် လွှတ်..."
"ကြယ်လေး သမီလေး ထတော့... ကလေးကအိမ်မက်ဆိုးတွေမက်နေပုံဘဲ☹️..."
မာမီဆရာမဆီက အဆောင်ကို ခေါင်းရင်းနားထားခဲ့တယ်😳... ခုမရှိတော့ဘူး ဘယ်သူအခန်းထဲဝင်သေးလဲ... အဆောင်ကိုယူသွားတာလား ဖျက်ဆီးပစ်လိုက်တာလား🤨...
YOU ARE READING
Meow
Fantasy(Z+U) စိတ်ကူးပုံစံအသစ်နဲ့ ့အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဦး...ကြောင်မလေးကို ကျိန်စာကနေကယ်တင်နိုင်မလား...ဘာတွေဆက်ဖြစ်မလဲ... #DVassan (Z+U) စိတ်ကူးပုံစံအသစ်နဲ့ အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဉီး...ကြောင်မလေးကို...