Zawgyi
ညကမူးမူးရူးရူးနဲ့ ခေါင်းတွေကိုက်လိုက်တာ...
စောင်အလွှာဘဲကပ်နေတဲ့ခန္ဓာကိုယ်ဆိုတော့ ဗချလာညကို မူးမူးနဲ့ဖြတ်သန်းမိပြီထင်ပါရဲ့ ဟဲဟဲ😅😅...ချစ်ရသူမျက်နှာလှည့်ကြည့်ပေမဲ့ တကယ်ကိုသွေးပျက်သွားတယ်😖 ငါ ငါ လက်လွန်မိသွားပြီလား...
"ယွန်း..."
တုန်ရီနေတဲ့ခန္ဓာကိုယ်က ခြေလှမ်းဖို့မပြောနဲ့ အိပ်ယာထက်ကကို မရွေ့လျားနိုင်ခဲ့ဘူး... ဒါဆိုမှူး ငါ့ကိုမုန်းတော့မယ်... ဒီကိစ္စ ငါရဲ့တာဝန် လက်ထပ်တဲ့မိန်းကလေးကမှူး အသိစိတ်ကင်းမဲ့တဲ့ချိန် သူများသမီးပျိုကို ဖျက်ဆီးမိပြီ😔...
"ဟင့် မလုပ်ပါနဲ့..."
ယောင်နေတဲ့ ယွန်းကိုကြည့်ပြီး သနားမိတာတော့အမှန် ငါဘာလုပ်ရမလဲ... အချိန်ကြည့်မိတော့ မနက်လေးနာရီ မှူးတစ်ယောက်တည်း မဖြစ်ဘူး ငါပြန်မှဖြစ်မယ်...
"တောင်းပန်ပါတယ်ယွန်းရယ်..."
အခန်းကူးလာခဲ့ပေမဲ့ စိတ်ထဲကအမှားကို ဝန်မခံချင် ဟုတ်တယ် ဒါမူးလို့ဖြစ်တာ ငါစိတ်ပါလို့မဟုတ်ဘူး...
ချစ်ရသူဘေးနာအရာရာမေ့ပြီး ဝင်အိပ်လိုက်တယ် စိတ်ထဲတော့မကောင်း...
ဒေါက် ဒေါက်...
"တီလေးထတော့ ကမ်းခြေဆင်းချင်ပြီ..."
"လွှတ်လိုက်မယ် တိမ်ယံရေ..."
"ဟုတ် တီလေးမှူး..."
"ကို ထတော့လေ ညကဘယ်အချိန်မှပြန်ရောက်တာလဲ..."
"ဟမ် ဟို😨..."
"ကဲပါ ကလေးတွေခေါ်နေတယ်သွားတော့..."
"မှူးကရော..."
"ယွန်းရယ် မစုရယ် သွန်းတို့နဲ့ မြို့ထဲခဏသွားမလို့..."
"ဘာ ဘာ ဘာသွားလုပ်မလို့လဲ😦..."
"မစုကနှလုံးမကောင်းဘူးလေ သူ့ကိုဆေးခန်းပြရင်း လိုအပ်တာတွေဝယ်မလို့..."
"ဟုတ်ပါပြီ..."
"ကိုကတော့ ကလေးတွေထိန်းလိုက်နော် မွ..."
အရင်စိတ်နဲ့ဆို ဒီအနမ်းတွေကိုကြည်ဖြူမိမှာပါ ခုတော့...
တိမ်ယံလာခေါ်လို့ ရေကစားနေပေမဲ့ စိတ်ကတော့ယွန်းဆီမှာ ဒါကငါရဲ့အမှားလေ ငါတာဝန်ယူရမှာပေါ့ ဒါဆိုမှူးအပေါ်မတရားသလိုခံစားရပြန်တယ် ရှုပ်လိုက်တာ...
YOU ARE READING
Meow
Fantasy(Z+U) စိတ်ကူးပုံစံအသစ်နဲ့ ့အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဦး...ကြောင်မလေးကို ကျိန်စာကနေကယ်တင်နိုင်မလား...ဘာတွေဆက်ဖြစ်မလဲ... #DVassan (Z+U) စိတ်ကူးပုံစံအသစ်နဲ့ အသွင်မတူတဲ့ရသကိုပေးစွမ်းမှာဖြစ်တဲ့အတွက် အားပေးကြပါဉီး...ကြောင်မလေးကို...