Prologue

7.5K 186 5
                                    

Zawgyi

သူက တခြားသူတွေကိုအနိုင်ယူတဲ့အချိန်ဆိုလျှင်​ ကြင်နာတတ်တဲ့စကားလုံးတွေထားခဲ့သည်​ : ဒီဖေဖေရဲ့အချစ်တွေကတောင်တန်းတွေနဲ့တူလွန်းလို့ မင်းရဲ့ပုခုံးတွေလေးလံနေပြီမလား။

အနိုင်ယူခံရပြီဆိုလျှင်​တော့ သူကကောင်းကောင်းကြီးချီးမွန်းပေးတော့သည်​ : မင်းတို့​ကောင်လေးတွေ ဂိမ်းကစားတာ ​တော်တော်ကောင်းတယ်။

လင်းမုန့်က "နဂါးငွေ့တန်းဒဏ္ဍာရီ" ဆိုသည့်ဂိမ်းထဲမှာ Rank မြင့်သည့်​ အပျော်​တမ်းကစားတစ်ယောက်ဖြစ်သည်​။ သူရဲ့ကျော်ကြားလှတဲ့ အဆိပ်​ပြင်းတဲ့လျှာကြောင့် 'လီမွန်ဖေဖေ' ဆိုသည့်​နာမည်ဖြင့်​ ဂိမ်းဖိုရမ်မှာ အတော်လေးကြော်ကြားပြီး သူ့ရဲ့တော်ကီတွေကို ဟာသပျက်လုံးအနေနဲ့ သဘောကျနေကြတဲ့ Fan တော်တော်များများကိုလည်း စုဆောင်းထားနိုင်ပါသေးသည်​။

သို့​သော်​လည်း သူ့ရဲ့ကံကြမ္မာက 'မင်းဂွတ်သီး' ဆိုသည့် နာမည်နဲ့​ကျော်ကြားသည့်​ နတ်ဘုရားအဆင့်  ဂိမ်း Live Streamer တစ်ယောက်နဲ့ တစ်ပွဲတစ်​လမ်း အကဲစမ်းပြီးတဲ့ အခါမှာတော့ စတင်ပြီးပြောင်းလဲသွားပါတော့သည်​။

ထိုပွဲတွင် သူ၏အဆိပ်​ပြင်းသည့်​လျှာအတိုင်း ​ပြောလိုက်မိသည့် စကားတစ်ခွန်းဟာဆိုလျှင်ဖြင့် နိုင်ငံတစ်ဝှန်းရှိ ဂိမ်းကစားသူများအကြား meme အဖြစ်ပျံ့နှံ့သွားပြီး လူအများရဲ့ ရယ်စရာပျက်လုံးအဖြစ် နေ့ချင်းညချင်းပြောင်းသွားပါတော့သည်​။

ဒါ့ကြောင့် 'လီမွန်ဖေဖေ' ဟာဆိုလျှင်ဖြင့် 'မင်းဂွတ်သီး' အကောင့်ပိုင်ရှင်​ဖြစ်တဲ့ သူ့ရန်သူ၏အားနည်းချက်ကိုရှာဖို့ရာ စတင်ပြီး stalk ပါတော့သည်​။ ဘာလို့ဆို နောက်တစ်ခါကစားပွဲကြရင် 'မင်းဂွတ်သီး'ကို ကောင်းကောင်းဖိနှိပ်တို​က်ခိုက်ပြီးလက်စားချေချင်လို့ပါဘဲ။

သူတို့ဟာ အချင်းချင်းတိုက်ခိုက်ကြသည်​။ သူတို့အချင်းချင်းတစ်ယောက် streamတာ တစ်ယောက်စောင့်ကြည့်သည်​။ ပြီးတော့ အဝတ်မပါတဲ့ပုံတွေ​တောင် သူတို့အချင်းချင်းလဲကြသေးသည်​။

ဒါလေးကတော့ 'လီမွန်သီး'နဲ့'မင်းဂွတ်သီး' တို့ရဲ့အချစ်ပုံပြင်လေးဆိုပါတော့...။

ငါတို့ကောင်တွေဂိမ်းကစားတာတော်တယ်(ဘာသာပြန်)Where stories live. Discover now