TN - ခါတိုင်း ၂ခန်းတွဲတင်နေကြကို တစ်ခန်းထဲလားလို့ မတွေးလိုက်ပါနဲ့ရှင်။ ဒီတစ်ခန်းထဲကတင် ၂ခန်းစာရှည်ပါတယ်။ XD ဖတ်ပေးကြပါဦး။ water friend တွေတော့ လျှာဆိပ်ပြင်းတဲ့ လီမွန်ဖေဖေရဲ့အသံလေးမှာ ဗြောင်းဆန်ကုန်ကြပါပြီတဲ့ရှင်။
***********
အခန်း ၁၇။ ငါတို့ရဲ့ဖေဖေကလူငယ်လေးတဲ့လားကွာ
လင်းမုန့်သည် ဒီအချိန်မှာ သူဘာကြောင့်ရှန်းကျူကို သူငယ်ချင်းအဖြစ်Add မိသလဲဆိုတာ မတွေးတတ်တော့ပေ။ သို့သော် ယခုတော့ ရှန်းကျူဟာ သူ့ကိုကားမည်းကြီးထဲ ထည့်ထားပြီလေပြီ။
မပျော်ရွှင်သည့်စိတ်ဖြင့် တိုက်ပွဲအတွက် စောင့်ဆိုင်းနေရင်းမှ ပါးကိုဖောင်းကာ လေမှုတ်ထုတ်လိုက်သည်။ ပထမဦးစွာ hamster ကောင်လေးတစ်ကောင်နှင့်တူပြီးနောက်မှာတော့ လေပူဖောင်းမှုတ်နေသည့် ငါးကလေးနှင့် ပို၍တောင်မှ တူနေသေးတော့သည်။
"ဒီနည်းလမ်းကိုကြည့်လိုက်စမ်းပါ"
သူ့အခန်းဖော်သည် သူ့ဖုန်းကိုမြှောက်ကိုင်ရင်း တစ်ချက်မျှပစ်လိုက်သည်။
လင်းမုန့်စကားမပြောနိုင်ပေ။ လုံး၀န်းလှပသော မျက်စိနှစ်လုံးဖြင့်သာ သူ့ကိုခြိမ်းခြောက်လိုဟန်ဖြင့် စိုက်ကြည့်ပေးလိုက်တော့သည်။
"မင်းသိလား မင်းသာဒီလိုပုံစံနဲ့ facial expression pack လုပ်ရင်လေ အရမ်းကိုနာမည်ကျော်သွားမှာ"
လင်းမုန့်သည် စိတ်ဆိုးမာန်ဆိုးဖြင့် ဆက်ကြည့်ကာ pufferfish တစ်ကောင်လို ပါးကိုဖောင်းကာ လေမှုတ်ထုတ်မိပြန်သည်။
ရှန်းကျူ၏အဖွဲ့သည် လက်ရှိ၃ယောက်ပါ၀င်ပြီး ပြိုင်ပွဲကွင်းထဲမှာရှိနေကာ ဘေးမှသူ့ဘာသာဖြတ်သွားသည့် အခြားသူကိုပင် ပြိုင်ပွဲကွင်းဆီ ဆွဲခေါ်သွင်းလေသည်။
[အင်ပါယာ] ဧည့်သည် c : ၀ိုး!!! မင်းဂွတ်သီးနတ်ဘုရားပါလား!!!
[အင်ပါယာ] ဧည့်သည် C : Wtf!!! လီမွန်ဖေဖေရောလားဟ!!!
လင်းမုန့် အံ့အားသင့်သွားရသည်။ ပြောင်းလဲမှုက ပြင်းထန်လှချည်းလားလို့ပေါ့။

YOU ARE READING
ငါတို့ကောင်တွေဂိမ်းကစားတာတော်တယ်(ဘာသာပြန်)
RomanceWeb Novel (CN) Original Author(s) Dịch Tu La Yi Xiu Luo 易修罗 All Credit To Original Translated by- Lay Pyay Yhine, Yaw Ywet Kway, Kally Chu