Zawgyi
ပြောချင်တာတစ်ခုရှိပါတယ်...မင်းဂွတ်သီးက မြန်မာနိုင်ငံကသူတွေလို ရုပ်ပေါ်တဲ့ Game Live streaming မျိုးမဟုတ်ဘဲ live stream anchor ပါ သူက အသံဘဲပါပြီးသူကစားတာကိုဘဲပြတာပါ တစ်နည်း ရုပ်မမြင်အသံကြားပါ🤗
1(666);လျို့လျို့လျို့..ကစားပွဲမှာ ကစားသမားရဲ့စကေးကြွယ်မှုကိုအံသြချီးမွန်းတာဒါမှမဟုတ် လက်ခုတ်တီးအားပေးတဲ့နေရာမျိုးမှာသုံးတယ်(တစ်ခါတလေ စကေးညံ့တဲ့ကောင်တွေကိုလည်းလှောင်ပြောင်ထေ့ငေါ့တဲ့အခါမှာလည်းသုံးတယ်)
2(Game Live Streaming လွှင့်တဲ့အချိန်ကြရင် ကစားတဲ့သူကိုသဘောကျတဲ့အခါလက်ဆောင်ပေးတာမျိုးပါ ပိုက်ဆံနဲ့ဝယ်ရတာပါ..မြန်မာနိုင်ငံမှာဆို ကြယ်လေးတွေပေးကြတာပါ)
3(မျက်နှာပြင်ပေါ်ပူစီဖောင်းတွေမြင့်တတ်လာခြင်း);online မှာစာဖတ်ဖို့ဒါမှမဟုတ် chatting လုပ်ဖို့အမှတ်အသားလုပ်ထားတာကိုပြောတာပါ(ခွဲခြားထားတာပေါ့)
Chapter 3
နောက်တစ်နေ့မှာတော့ မင်းဂွတ်သီးနဲ့လီမွန်သီး တို့ရဲ့ ပြိုင်ပွဲ ဗီဒီယိုဟာ အင်တာနက်တစ်ခွင် ပြဲပြဲဆင်နေခဲ့ပြီး စပ်စုစိန်လေး လင်းမုန့် တစ်ယောက် Bilibili ကိုသွားခဲ့ပြီး ထိုဗီဒီယိုကို ထပ်ခါထပ်ခါပြန်ကြည့်နေတော့သည်။
မင်းဂွတ်သီးနတ်ဘုရား ရဲ့အသံထွက်လာတာနဲ့ လူတွေကစပြီးတော့ screen ကိုလျက်ကြတော့တာဘဲ *လျက် လျက် လျက်*
"စိတ်မကောင်းပါဘူး...အခုစာသင် နှစ်ဝက်က အရမ်းအလုပ်ရှုပ်နေလို့ပါ၊ ကျွန်တော်လည်း အရည်အချင်းပြည့်မှီတဲ့ပြိုင်ပွဲကောင်းတွေကိုအနည်းငယ်သာကစားရပြီး တိုက်ရိုက်ထုတ်လွှင့်နိုင်ရုံသာဖြစ်နေတယ်၊ဒါ့ကြောင့် ကျွန်တော် ဒီနေ့ အားလပ်ရက်ကိုကောင်းကောင်းအသုံးချပြီး နေ့စဉ်ကစားပွဲလေးကိုဆော့လိုက်တာပါ..ဒါပေမယ့် ကျွန်တော် တိုက်ပွဲစကေးကအရမ်းမမြင့်တော့ အားလုံးဘဲစိတ်မပျက်ကြစေဖို့မျှော်လင့်ပါတယ်..."
လင်းမုန့် တစ်ယောက်စားပွဲခုံကိုရိုက်ချိုးချင်စိတ်တောင်ပေါက်သွားသည်။
ဘယ်လောက်ဘဲ စိန်ကြယ်ပွင့်အဆင့်က ကြယ်တာရာနတ်ဘုရားအဆင့်နဲ့မနှိုင်းယှဉ်နိုင်ဘူးဆိုရင်တောင် အနည်းဆုံး သူကဒုတိယအဆင့်မှာရှိပါသေးသည်။လူတော်တော်များများက ဒီအဆင့်ကိုရောက်ချင်လို့တောင်မရောက်နိုင်ကြဘူး...။
ဒီ မင်းဂွတ်သီးနတ်ဘုရား က ဘယ်လိုကြောင့်အားလုံးကိုအေးစက်စက်ပုခုံးကိုပေးနိုင်ရတာလဲ!
YOU ARE READING
ငါတို့ကောင်တွေဂိမ်းကစားတာတော်တယ်(ဘာသာပြန်)
RomanceWeb Novel (CN) Original Author(s) Dịch Tu La Yi Xiu Luo 易修罗 All Credit To Original Translated by- Lay Pyay Yhine, Yaw Ywet Kway, Kally Chu