Section 6 [19]

169 36 0
                                    

Unicode

19: ငါ့ရဲ့နောက်ခံသီချင်းနဲ့အတူ ဘယ်သူကမှဒီဖေဖေရဲ့မိုင်းတွေကိုမယူနိုင်ဘူး~

Chapter 19
_________________________

သုံးနိုင်ငံခေတ်အဆင့်က နဂါးငွေ့တန်းဒဏ္ဍာရီ မှာဆိုလျှင် ထပ်၍အဆင့်မြင့်ထားသည့် အဆင့်ဖြစ်ပြီး ၂နိုင်ငံရန်စောင်တိုက်ခိုက်ကြခြင်းထက်ပို၍စစ်တပ်၂တပ်မှ စစ်တပ်၃တပ်၊ဂြိုလ်သားတွေရဲ့ဖိအားပေးကျူးကျော်၀င်ရောက်မှုပင်ထပ်ပေါင်းပါ၀င်လေသည်။အင်ပါယာနှင့်ဗဟိုအစိုးရတွေ သဘောထားကွဲလွဲခြင်းမျိုးနဲ့မတူပဲ လူသားတွေက သူသေကိုယ်သေယှဥ်ပြိုင်တိုက်ခတ်ခြင်း၊ဂြိုလ်သားအုပ်စုတွင်ပါ၀င်သူများသည်လူသားများမဟုတ်ကြပေ။

"အင်ပါယာနဲ့ဗဟိုအစိုးရမှာ ဖြတ်လမ်းတော့ ရှိပါစေလို့ငါမျှော်လင့်တယ်"

မြေပုံရှာနေသည့်အချိန်တွင် လင်းမုန့်သည် သူ၏အကျင့်အတိုင်း
ခြေထောက်တွေကိုဆန့်ထုတ်လိုက်သည်။
သူရဲ့ နောက်ထပ်စကားလုံးတွေက သူ၏ မာန်မာနအလံလေးတလွင့်လွင့်နှင့်အတူစတင်၍လွှင့်တင်လိုက်သည်။

"ငါဂြိုလ်သားတွေနဲ့ကစားရတာမကြိုက်ဘူး။သူတို့ကကြာမြစ်တွေအရမ်းစားလွန်းတယ်*"

(Y/N-အဓိပ္ပါယ်က *သောက်ရမ်းအရုပ်ဆိုးတယ်* ဆိုတာ တဲ့ရှင်)

[System]တိုက်ပွဲကစတင်ပါပြီ!ဂြိုလ်သားစစ်တပ်ကိုဦးဆောင်ပြီးအောင်မြင်မှုတွေရယူလိုက်ပါ!

လင်းမုန့် : .......

_လီမွန်ဖေဖေက အပြုံးလေးမှသည်ဒေါသတကြီးဖြစ်စဥ်သို့ကူးပြောင်း~

_မင်းတိုက်ပွဲမစခင်မှာ ဒီလိုစကားမျိုးမပြောသင့်ဘူးဆိုတာ မင်းမသိဘူးလား?

_ဒါကပြသနာသိပ်မရှိပါဘူး၊ မင်းဂွတ်သီးနတ်ဘုရားက မင်းကိုဒီကနေသယ်ဆောင်ပေးသွားလိမ့်မယ်!

လင်းမုန့် သူဂြိုလ်သားတွေကိုတကယ်မကြိုက်ဘူး။ထပ်ပေါင်းပြောရရင် သောက်ရမ်းအရုပ်ဆိုးလွန်းတယ်။နောက်ထပ်အရေးကြီးသည့်အကြောင်းပြချက်တော့ရှိသေးသည်။ဂြိုလ်သားတွေက မြေပုံရဲ့တစ်၀က်လောက်ထိကိုသာ အင်အားကြီးမားသည်။အင်ပါယာရဲ့ဗလိုအစိုးရကို အစကတည်းကပြစ်မှတ်ထားပြီးတိုက်ခိုက်မှသာအောင်မြင်နိုင်မည်။မင်းသာ ဂြိုလ်သားတွေနဲ့ကစားချင်တယ်ဆိုရင် ဂိမ်းအစပိုင်းမှာကတည်းက ကြမ်းကြမ်းတမ်းတမ်းဆော့ရမည်မှာကြိမ်းသေပေါက်ပင်ဖြစ်ပြီး လီမွန်ဖေဖေရဲ့ကစားနည်းစတိုင်နဲ့တော့နည်းနည်းမှမလိုက်ဖက်ပေ။
ဘာလို့ဆို သူက အစကနေအဆုံးထိကို အသာအယာကျူးကျော်တိုက်ခတ်သည့်စတိုင်ဖြစ်သောကြောင့်ပင်။

ငါတို့ကောင်တွေဂိမ်းကစားတာတော်တယ်(ဘာသာပြန်)Where stories live. Discover now