Unicode
Chapter 20
Live streaming လုပ်ပြီး နောက်တစ်ရက်မှာတော့ လင်းမုန့်တစ်ယောက် ရောဂါသည်ရုပ်ဖြင့် အိပ်ရာနိုးလာခဲ့သည်။
စိတ်အားထက်သန်စွာဖြင့် သူ့live broadcast မှ လက်ဆောင်များကိုဖွင့်ကြည့်လိုက်ပြီး expression pack*ကိုပြုလုပ်လိုက်သည်။
//expression pack : အလွယ်ပြောရရင် emoji လိုပေါ့။ မျက်နှာပုံစံအမျိုးမျိုးပါ။ game ရဲ့ chat box မှာသုံးကြပါတယ်။//
တစ်ညလုံးလုံး နဂါးငွေ့တန်း၏လူမှုအသိုင်းအဝိုင်း*တွင် မီးလောင်ကျွမ်းခဲ့ပြီး ၎င်းမီးဟာ ကူးစက်ပြန့်ပွားသည့် လက္ခဏာများပင် ပြသခဲ့လေသည်။ သူပထမဆုံး class group chat မှ သတင်းများကို လေ့လာလိုက်သည်။
//နဂါးငွေ့တန်း၏လူမှုအသိုင်းအဝိုင်း : လင်းမုန့်တို့ ကစားနေတဲ့ဂိမ်းထဲက gamer တွေကိုပဲဆိုလိုတာပါ။ မီးလောင်တယ်ဆိုတာကတော့ တအုန်းအုန်းပွက်လောရိုက်ကုန်တာကို တင်စားပြောတာပေါ့နော်။//
မျက်လုံးအစုံပွင့်သည်နှင့် ပထမဆုံးအနေဖြင့် ဖုန်းပွတ်လေ့ရှိသည့် လင်းမုန့်သည် သူတို့အတန်း၏ group chat တွင် ၀င်နေသည့် စာအစောင်ရေမှာ 99+ ဖြစ်ကြောင်း မြင်လိုက်ရလေသည်။
အရေးကြီးသတင်း တစ်စုံတစ်ရာဖြစ်မည်ဟုတွေးကာ ချက်ချင်း၀င်ရောက်စစ်ဆေးလိုက်သည်။ သို့သော်လည်း ၎င်းအစား groupထဲရှိ အံ့သြလောက်ဖွယ်ရာ သူ့ကိုယ်သူ ပြန်မြင်လိုက်ရသည်။
powder group နဲ့များ သူမှားယွင်းဖွင့်လိုက်မိလေသလား။ လင်းမုန့်သည် chat ထဲမှပြန်ထွက်ကာ group name ကိုအကြာကြီးဖတ်လိုက်ပြီးနောက် မမှားကြောင်းသေချာသွားသည်။
groupကိုဖွင့်ဖို့သုံးတဲ့ နည်းလမ်းကပဲ မှားနေတာဖြစ်ရမည်။ ကြောက်စိတ်ကြောင့် တုန်ယင်နေရင်းဖြင့်ပင် group chat ကို အစွမ်းကုန်ဂရုတစိုက်ဖြင့် ထပ်၀င်လိုက်ကာ ကြောင့်ကြနေသောစိတ်ဖြင့် chatထဲတွင် ပြောထားသည်များကို လှန်လှောဖတ်လိုက်သည်။
ဒါဇင်ပေါင်းများစွာသော စာမျက်နှာတွေကို လှန်လှောပြီးနောက်မှာ မမျှော်လင့်ဘဲ ၎င်းတို့အားလုံးဟာ 'ကာတွန်းပုံလင်းမုန့်'အရုပ်များဖြစ်နေကြောင်း သိလိုက်ရသည်။

YOU ARE READING
ငါတို့ကောင်တွေဂိမ်းကစားတာတော်တယ်(ဘာသာပြန်)
RomanceWeb Novel (CN) Original Author(s) Dịch Tu La Yi Xiu Luo 易修罗 All Credit To Original Translated by- Lay Pyay Yhine, Yaw Ywet Kway, Kally Chu