Zawgyi...
လုထင်းရှောင်က ယခုအချိန်မှာ မည်သူနှင့်မှ အလုပ်ကိစ္စပြောဆိုလိုစိတ်မရှိတာကြောင့်၊ တခြားဖက်ကြောင့် သူ့အချိန်ကိုအချည်းအနှီးဖြစ်သွားမှာကို တားဆီးတဲ့အနေဖြင့် သော့ကိုအလျင်အမြန်ယူလိုက်ပြီး ခြေလှမ်းကျဲကျဲဖြင့် ရှေ့သို့သာဆက်လျှောက်သွားလေတယ်။သူသော့ကဒ်ကို ယူသွားတာမြင်ရတော့ ကျူးရှန်းချန်တစ်ယောက် ဝမ်းအားရဖြစ်သွားသော်လည်း သူအမှန်တကယ် သွားမှာလား၊ မသွားဘဲနေမှာလားဆိုတာကိုတော့ စိုးရိမ်နေဆဲဖြစ်သည်။
လုကျင်းလီကတော့ စိတ်ရှုပ်ရှုပ်ဖြင့်သူ့နောက်က လိုက်သွားလေ၏။ "ဝေါင်း၊ အစ်ကိုက မိန်းမနဲ့အကျိုးပေးသားပဲ! ကျူးရှန်းချန်ကို နဲနဲလေးချောင်ပိတ်လိုက်ရုံနဲ့ သူက အစ်ကို့အတွက် လက်ဆောင်ကြီးကြီးတောင် ပြင်ပေးလိုက်တယ်. အစ်ကို့အတွက်ဆိုတော့ သူရှာထားတဲ့မိန်းမက စပယ်ရှယ်ဇွန်းတပ်ဖြစ်လိမ့်မယ်ဗျ! အစ်ကိုကရော သူ့ကို လိုသလား မလိုဘူးလား?? အင်း၊ အစ်ကို့မှာ မရီးကရှိနေပြီဆိုတော့၊ ဒါပေါ့ လှည့်တောင်ကြည့်နေမှာမဟုတ်ဘူးနော့! အဲ့ဒီတော့ ကဒ်လေးကို ကျွန်တော့်ဆီမပေးလိုက်ချင်ဘူးလား၊ တကယ်ပါ ကျူးရှန်းချန် ဘယ်လိုနတ်သမီးမျိုးရှာထားမလဲဆိုတာကို ကျွန်တော်သိချင်မိလို့!
လုထင်းရှောင်က လက်ချောင်းဖြင့်တောက်ထုတ်ပစ်လိုက်ပြီးနောက်မှာပင် သော့ကဒ်က လုကျင်းလီဆီသို့ ပျံသန်းသွားသည်။
လုကျင်းလီရဲ့ လက်ချောင်းနှစ်ချောင်းကြားထဲမှာပဲ ကဒ်ကိုမိသွားလေ၏၊ အဲ့ဒီနောက်သူက စိတ်လှုပ်တရှားဖြင့်ကြည့်ကာ "အဲ့ဒါဆို ကျွန်တော်သွားပြီ!"
"ဝါး ၈၀၈၊ ဒါက Presidential Suite မဟုတ်လား!" လို့ လုကျင်းလီက သူ့ကိုယ်သူတီးတိုးပြောဆိုလိုက်ရင်း သော့ကဒ်ကိုလက်မှာကိုင်ထားပြီး အခန်းဆီသို့ပျော်ပျော်ကြီး ဦးတည်လိုက်တော့သည်။
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၂ Z+U
Romanceအပိုင်း ၁၀၁ မှ ... သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၂ Zawgyi/Unicode အပိုင်း ၁၀၁ မှ ...