Zawgyi
နန်ရှီ ~ "..."{ဟေး၊ ငါက သူ့ဒဏ်ရာကို သေချာဖိပေးနေတာပါနော်၊ အဲ့ဒါကို နင်က ငါ့ကို အဝေးတွန်းထုတ်ပစ်တယ်ပေါ့လေ၊ အခုလည်း သွေးထွက်နေတဲ့သူကို စိတ်နှလုံးကြေကွဲရပါတယ်ဆိုရဲ့ အမူအရာနဲ့ထိုင်ကြည့်နေနိုင်သေးတယ်။ နင် ရူးများနေသလား! ဒရာမာတွေ မတရားခင်းပြရတာကို သဘောကျနေတာလား?}
သေရေးရှင်ရေးအနေအထားသာ မဟုတ်ရင်၊ နန်ရှီတစ်ယောက် ကျာပွတ်ကိုင်ပြီး သူ့ကို ဆုံးမမိလိမ့်မည်။
"ဘယ်လိုဖြစ်တာလဲ!" ကောချီရှန်းသည် သူ့မျက်နှာပေါ်မှာ ဒေါသထွက်နေပါသည်ဆိုတာကို ရေးထားသည့်မျက်နှာဖြင့် သုတ်တီးသုတ်ပျာရောက်ချလာသည်။
နန်ရှီက သူမနှာရိုးကြောင်းကိုဆွဲညစ်လိုက်ပြီး၊ "ကျွန်မ သူ့ကို ဓားနဲ့ထိုးလိုက်တော့မှ မဟုတ်သေးဘူးဆိုတာ သိလိုက်ရတာ. ဓားက ပြန်မဝင်သွားဘူးလေ!"
၎င်းက ပြန်ဝင်နိုင်တဲ့ဓားကို သုံးထားတာလေ။ အားဖြင့် တစ်ချက်ထိုးလိုက်တာနက်၊ ၎င်းက ပြန်ဝင်သွားရမှာကို။ ဒီလိုမတော်တဆဖြစ်လာလိမ့်မယ်လို့ သူမ ထင်မထားမိလိုက်ဘူး။
ကောချီရှန်းတစ်ယောက် ဒေါသအိုးပေါက်ကွဲ ထွက်သွားသည်။ "ဘယ်မှာလဲ ဆက်တင်ဒါရိုက်တာ! အခုချက်ချင်း လာခဲ့စမ်း! ပစ္စည်းတွေကို သေသေချာချာစစ်ဆေးပါလို့ ငါ မင်းကို အကြိမ်ကြိမ်အခါခါပြောတယ်နော်! ဘယ် မတော်တဆတွေကိုမှ ငါတို့ အဖြစ်ခံလို့မရဘူးလို့! အလုပ်ကို ဘယ်လိုလုပ်နေတာလဲ!"
ဆက်တင်ဒါရိုက်တာသည် အပြေးရောက်လာပြီး ချွေးတစိုစို့ဖြင့် ထစ်ထစ်ငေါ့ငေါ့ပြောလာသည်၊ "ကျွန်တော် စစ်တုန်းကတော့ ပစ္စည်းတွေက အားလုံးအကောင်းပါပဲ ဒါရိုက်တာကောရယ်၊ အဲ့ဒါတွေမှာ ဘာပြဿနာမှ ရှိမနေပါဘူး!"
ကောချီရှန်းသည် သူ့လက်ထဲက ဇာတ်ညွှန်းစာရွက်ဖြင့်လှမ်းခေါက်ကာ ကြိမ်းဝါးပြောလာသည်၊ "အဲ့ဒါဆိုလည်း အခုကိစ္စက ဘယ်လိုဖြစ်ရတာလဲ ပြောစမ်း!" ရိုက်ကူးရေးစ,ကတည်းက ပြဿနာတွေဆိုတာ တန်းစီပြီးပေါ်လာလိုက်တာ သူ့သီးခံမှုတွေက ဂိတ်ဆုံးရောက်လာချေပြီ။
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၂ Z+U
Romanceအပိုင်း ၁၀၁ မှ ... သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၂ Zawgyi/Unicode အပိုင်း ၁၀၁ မှ ...