အခန်း(၁၀၁) ငါးကြင်းမင်းသားအ​ချောက​လေး

20K 1.4K 130
                                    

Zawgyi...
နန်​ရှီ သူမအခန်းကိုပြန်​​ရောက်​မှ အ​ရေးကြီးတဲ့အရာတစ်​ခုကို ​မေ့​နေ​ကြောင်း သူမ ရုတ်​တရက်​ပဲ သတိရမိသွားသည်​။ သူမ မ​နေ့ညကပို့လိုက်​တဲ့ video ကိစ္စ ခရီးဘယ်​​လောက်​ထိ ​ရောက်​​နေမှန်း သူမမသိရှိရ​သေးဖူးရယ်​။

အဲ့တာ​တွေ ကျန်းမုရယ်​ဆိုတဲ့ အ​ကောင်​စုတ်​အမှားပဲ။ သူ ပြန်​လာကတည်းက ... သူမဆီကို စနက်​တံဖြုတ်​ပြီးသား လက်​ပစ်​ဗုံးကြီး ပစ်​သွင်းထားခဲ့တာ​လေ။

နန်​ရှီ သူမကွန်​ပျူ တာကို ဖွင့်​၍ သူမသိချင်​​နေတဲ့ သတင်းတို့ကို ရှာ​ဖွေ​တော့သည်​။

ကျာ့ချင်းချင်းရဲ့ 33 ခါ​သော cut ဖြစ်​တဲ့ ဗီဒီယိုက ​ဟော့အဖြစ်​ဆုံးဖြစ်​​နေ​လေပြီ။ ​အောက်​က ကွန်​မန့်​​တွေမှာလည်း ​ပြောဆိုကြိမ်း​မောင်းသည်​များဖြင့်​ ပြည့်​​နေ​လေ၏၊ နန်​ရှီ့ကို သရုပ်​​ကောင်းတယ်​ဆိုသည့်​ အ​ကောင်းမြင်​မှတ်​ချက်​များ ​ပေးထားကြသည်​ကို လည်း အံ့အားသင့်​စွာ​တွေ့ရသည်​။

အဲ့သည့်ကစပြီး ... ​သေချာသ​လောက်​နီးပါး​ရေးထားသည့်​ နန်​ရှီရဲ့ ဆက်​တင်​အဖွဲ့သား​တွေနဲ့ လှည့်​ပတ်​အိပ်​တဲ့ဆိုတဲ့ ပို့စ်​အား လူတိုင်းက စတင်​၍ သင်္ကာမကင်းဖြစ်​လာကြသည်​။

သိပ်​မကြာ ... အမည်​မ​ဖော်​လိုသူများ တစ်​​ယောက်​ပြီးတစ်​​ယောက်​ ​ပေါ်ထွက်​လာကြလျက်​၊ ကျာ့ချင်းချင်းသည်​ သူမနှင့်​အလုပ်​ချိန်​အပြင်​တွင်​ က​တောက်​ကဆဖြစ်​ဖူးသူများကို သရုပ်​​ဆောင်​တာကို ဗန်းပြ၍ ငြိုးပြီးလက်​စား​ချေတတ်​​ကြောင်း ပွင့်​အံလာကြသည်​။

သူမက ရုပ်​ရှင်​ရိုက်​​နေစဉ်​မှာ နန်​ရှီ့ကို အငြိုးတကြီးထားရိုက်​​လေ၏၊ သူမလက်​​ထောက်ကို​တောင်​ ရိုက်​လိုက်​​သေး၏ ... ပြီး​တော့ သူမက ​နေရာတကာ ဝင်​​ဟောက်​သနင်း တတ်​တာ​တွေနဲ့ ရိုက်​ကူး​ရေးအဖွဲ့သား​တွေကို ဘယ်​ဒုက္ခ​ပေးတတ်​တာ​တွေ ... အစရှိသဖြင့်​တို့ပါဝင်​၏။

အဆုံးသတ်​က​တော့ ... ကျာ့ချင်းချင်းကို သ​ဘောမကျ​​သော အနုပညာရှင်​​တွေနဲ့ ရုပ်​ရှင်​အဖွဲ့သား​တို့ရဲ့ မ​ကျေနပ်​ချက်​မုန်းတီးမှုတို့က ဆက်​တိုက်​ဆိုသလို စုံပြုံလာ​လေ၏၊ ရိုက်​ကွင်း​နောက်​က သူမရဲ့ပြုမူဆက်​ဆံပုံတို့်​ကိုပါ ​ဖော်​ပြလာကြ​တော့ ... ကျာ့ချင်းချင်းရဲ့ပုံရိပ်​က သူမ Fan ​တွေ၏ အား​ပေးမှုကို ပျက်​စီးသွား​စေသည်​။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၂ Z+Uحيث تعيش القصص. اكتشف الآن