Zawgyi...
ကျူးရှန်းချန်က ဒီနေ့ညမှာစီးပွားရေးပါတီတစ်ခုရှိပြီး အဲ့နေရာမှာလုထင်းရှောင်ပါ ရှိနေလိမ့်မည်ဟု သတင်းကြားမိ၏။သူက ထိုနေရာသို့ စောစောစီးစီးရောက်နေခဲ့ပြီးတော့ အထူးတလည်ပြင်ဆင်မှုတွေတောင် ပြုလုပ်ပေးလိုက်သေးသည်။ အဆုံးသတ်ကတော့ သူထင်ထားခဲ့သလိုပါပဲ။ လုထင်းရှောင်က သူ့ရဲ့ချဉ်းကပ်မှုမှန်သမျှကို ငြင်းပယ်ချလိုက်၏။
လုထင်းရှောင်က သူခက်ခက်ခဲခဲဖြင့်ဝယ်ယူခဲ့ရသော တန်ဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်းလက်ရေးအလှပန်းချီကားကိုပင် လှည့်မကြည့်ခဲ့ဘူး။ သူ့အတွက် ပျိုမစ်နုရွလှပသည့် အပျိုစင်မိန်းကလေးကိုပေးတော့လည်း သူ့အမူအရာက ဈေးထဲကဟင်းသီးဟင်းရွက်တွေကို ကြည့်နေသလိုကြည့်လာသည်။
သူတော်တော်လေး စိတ်သောကရောက်နေတဲ့အချိန်မှာပင် သူမျှော်နေခဲ့သည့်ဖုန်းက နောက်ဆုံးတော့မြည်လာခဲ့သည်။
"ဟဲလို၊ ဘာလို့အခုမှ ဖုန်းဆက်ရတာလဲ? ဘယ်လိုလဲ ငါခိုင်းတာလုပ်ပြီးပြီလား?"
"ဟုတ်ကဲ့၊ ကျွန်တော်တို့လုပ်ပြီးပါပြီ. ကျွန်တော်တို့လာနေပြီ!"
"မြန်မြန်လာကွာ! သူ့ကို ဆယ်မိနစ်အတွင်းအရောက်ခေါ်လာခဲ့! အခန်းနံပါတ်က ၈၀၈ နော်၊ မမှားစေနဲ့!"
"စိတ်ချပါ! ကျွန်တော်တို့ သူ့ကိုအချိန်မီပို့ပေးမှာပါ! ကောင်မလေးက အတော်တော့ချောသား၊ ကျွန်တော်တို့ညီအစ်ကိုတောင် နဲနဲကြွလာတယ်ဗျာ!"
"မင်းတို့တွေ သူ့ကိုထိရဲထိကြည့်၊ ပိုက်ဆံတပြားမှရဖို့မစဉ်းစားနဲ့တော့! အဲ့မိန်းမကိုငါအသုံးပြုစရာရှိတယ်! သူ့ဆံချည်တစ်မျှင်တောင်မှမလျော့စေနဲ့!"
......
မလှမ်းမကမ်းတစ်နေရာတွင်တော့ လုထင်းရှောင်က ထိုင်ခုံရှည်တစ်ခုပေါ်မှာထိုင်နေ၏။ သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်ပြီးတဲ့နောက်မှာတော့ မတ်တပ်ထမ,ရပ်ခင် သူ့အင်္ကျီလက်တွေကိုသပ်ရပ်အောင်လုပ်လိုက်သည်။ ဒါကိုကြည့်ခြင်းအားဖြင့်၊ သူကနှုတ်ဆက်စကားပြောပြီး ထွက်သွားတော့မလို့ပြင်နေတာဖြစ်နိုင်လေသည်။
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၂ Z+U
Romanceအပိုင်း ၁၀၁ မှ ... သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၂ Zawgyi/Unicode အပိုင်း ၁၀၁ မှ ...