Zawgyi
အဲ့နောက်စက္ကန့်ပိုင်းအတွင်း မိန်းကလေးရဲ့မျက်လုံးများမှာ လုံးဝပွင့်သွားပေသည်။
ခဏအတွင်းမှာပင် မျှော်လင့်ချက်ကင်းမဲ့နေတဲ့ မျက်ဝန်းကြည်ကြည်တွေထဲ၌ အမျိုးသားတစ်ယောက်ရဲ့ပုံရိပ်က ထင်ဟပ်လာပေ၏။ သူမက တွေတွေကြီးစိုက်ကြည့်မိနေပြီးမှ၊ သူမမျက်ဝန်းများက အလျင်အမြန်ပင် မှုန်ရီဝေဝါးလာတော့သည်။ မျက်ရည်မိုးသီးတွေဖြစ်တည်လာလျက်၊ သူမရဲ့မျက်ဝန်းများမှ တလိမ့်လိမ့်စီးကျလာ၏; ၎င်းတို့က တစ်စက်ပြီးတစ်စက် အဆုံးအဆမဲ့စွာကျဆင်းလာပေ၏. . .
"နန်ရှီ..." လုထင်းရှောင်တစ်ယောက် ကောင်မလေးရဲ့မျက်ရည်များကြောင့် ဆောက်တည်ရာမရဖြစ်သွားသည်၊ "ဘာဖြစ်လို့လဲ? ဘယ်နားထိခိုက်သွားလဲ? တောင်းပန်ပါတယ်၊ ကိုယ် လာတာနောက်ကျသွားတယ်... မငိုနဲ့တော့နော်... ကိုယ် မင်းကိုဆေးရုံပို့ပေးမယ်... မင်း... မငိုနဲ့တော့လေနော်?"
သူ့နှလုံးသားတစ်ခုလုံး ရပ်တန့်သွားမတတ်ပင်။
နန်ရှီ့မျက်ဝန်းများက ရဲတွတ်နေကာ သူမမျက်နှာပေါ်သို့ မျက်ရည်များကကျနေတုန်းပင်။ သူမလက်မြောက်ဖို့ ကြိုးစားလိုက်ပေမယ့် လမ်းတဝက်မှာတင်ပြန်ကျသွား၏။
"မင်း ထ,ချင်လို့လား?" လုထင်းရှောင်က သူမ ထနိုင်ရန် အမြန်ပြေးကူလိုက်သည်။
သူမကို အိပ်ယာပေါ်ကမဖို့ သူလုပ်လိုက်တဲ့အချိန်မှာပင် ရုတ်တရက် သူမလက်တွေက သူ့လည်ပင်းကို လှမ်းဖက်လိုက်တော့သည်။ သူ့ပခုံးပေါ်ဝယ် သူမခေါင်းကနစ်ဝင်လျက် ငိုကြွေးမှုကြောင့် သူမတကိုယ်လုံးက တုန်ယင်နေပေသည်။ သူမမျက်ရည်များက သူ့လည်ပင်းမှတဆင့် စီးကျသွားပြီး သူ့အင်္ကျီကိုစိုရွဲသွားစေသည်. . .
သူ့နှလုံးသားကို ဓားနဲ့မွှန်းလိုက်သကဲ့သို့ လုထင်းရှောင်ခံစားရ၏။ သူ့ရဲ့ကြီးမားတဲ့လက်တွေက သူမကိုအထိအခိုက်မခံတဲ့ ကြွေရုပ်လိုမျိုး ခပ်ဖွဖွလေးပုတ်ပေးလာသည်၊ "မကြောက်နဲ့နော်... အဆင်ပြေသွားပါပြီ... အားလုံးအဆင်ပြေသွားပါပြီ... ကိုယ်တောင်းပန်ပါတယ်... တောင်းပန်ပါတယ်နော်..."
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၂ Z+U
Romanceအပိုင်း ၁၀၁ မှ ... သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၂ Zawgyi/Unicode အပိုင်း ၁၀၁ မှ ...