အခန်း(၁၂၈) မျက်​စိစူးစရာ

6.5K 791 19
                                    

Zawgyi

နန်​ရှီသည်​ သူမလက်​ထဲက ဇာတ်​ညွှန်းစာရွက်​ကို ချထားလိုက်​ပြီး၊ သူ့ကို တည်​တည်​ငြိမ်​ငြိမ်​ စိုက်​ကြည့်​လာ၏။ "အို​ကေ​လေ. ဒီည​မွေး​နေ့ပွဲမှာ ရှင်​ နန်​ရွှယ်​လျိုကို လမ်းခွဲ​ပေး​စေချင်​တယ်​"

"အတိတ်​တုန်းက ကျွန်​မ အရှက်​ကွဲခံရတာထက်​ဆရင်​၊ သူ့ကို လမ်းခွဲ​ပေးရင်​ပဲ ရပါပြီ​. ကျွန်​မက သနားကြင်​နာတတ်​တယ်​မဟုတ်​လား?"

ဆုယန်​ရဲ့ မျက်​နှာက အနည်းအကျင်းမျှ ​မှိန်​​ဖျော့သွား​ပေ၏၊ "​ရှောင်​ရှီ၊ ဒါက ... "

"နန်​ရှီ! နင်​ဘယ်​လိုလုပ်​နိုင်​ရတာလဲ --" ရုတ်​တရက်​ကြီး အ​နောက်​မှ​နေပြီး နန်​ရွှယ်​လျိုရဲ့ ရှိုက်​သံထွက်​လာ၏။

နန်​ရှီက လက်​ကိုပိုက်​၍ ​အေး​အေးသက်​သာ​ပြော၏၊ "ငါက ဘာလုပ်​လို့လဲ?"

နန်​ရွှယ်​လျိုက နန်​ရှီ့ကို စိတ်​တိုသည်​​ရော၊ ဝမ်းနည်းသည်​​ရော အကြည့်​တို့ဖြင့်​ကြည့်​လာ၏။ "​တော်​လိုက်​ပါ​တော့၊ နင်​ ယန်​​ကော​ကောကို လက်​မလွှတ်​နိုင်​​သေးဘူးမလား. ဒါမို့ နင်​ငါ့ကို ဒီ​လောက်​မုန်း​နေတာ.

သူ့ကို ယူသွားတယ်​ဆိုပြီး နင်​ ငါ့ကိုမုန်း​နေတာ! ဒါ​ပေမယ့် ဒီ​လိုရက်​စက်​တဲ့နည်းသုံးပြီ ငါတို့ကိုခွဲဖို့ ကြိုးစားရ​တဲ့အထိ နင်​ ဘာလို့ အတ္တကြီးရတာလဲဟင်​! ယန်​​ကော​ကောက နင့်​ကို မချစ်​​တော့ဘူး​လေ. အဲ့တာကို နင်​ဘာ​တွေလုပ်​​နေတာလဲ?"

နန်​ရွှယ်​လျိုသည်​ အရမ်းရှိုက်​ငိုလိုက်​တာ​ကြောင့်​ ​လေကိုမနည်းရှုဖို့ကြိုးစား​နေရသည်​ကို မြင်​​တော့၊ ဆုယန်​သည်​ သူမဆီအ​ပြေးသွား၍ သူမ​နောက်​​ကျောကိုပုတ်​​ပေးကာ နှစ်​သိမ့်၏၊ "ရွှယ်​လျို၊ အရမ်းမငိုနဲ့​လေ.

ရှောင်​ရှီက ဒီအတိုင်း​ပြောလိုက်​တာပါ..."

နန်​ရှီသည်​ သူမအ​ရှေ့က အိုဗာတင်း​တွေလုပ်​ကာ ဒရာမာချိုး​နေတဲ့ လူနှစ်​​ယောက်​ကို ပြုံးပြုံး​လေးကြည့်​​နေခဲ့၏၊ "ကျွန်​မ ဒီအတိုင်း​ပြောလိုက်​တာ လုံးဝမဟုတ်​ဘူး. ​စောနကပဲ ကျွန်​မဘာလုပ်​လုပ်​ အို​ကေပါတယ်​ဆိုပြီး​တော့ အခု​တော့ ရှင်​က ​ပြောသလိုလဲမဟုတ်​ဘူး​နော်​!"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၂ Z+UWhere stories live. Discover now