Zawgyi
ဆုယန် ပြန်သွားပြီးနောက် ကျန်းမုရယ်သည် နန်ရှီ့ကို ငဲ့စောင်းကြည့်လိုက်ပြီး အေးတိအေးစက်ဖြင့် ငေါ့တော့တော့ပြောလာ၏။ "ဒါအရင်က နင့်ကိုနာကျင်စေခဲ့တဲ့ နင့်ရဲ့အချစ်စစ်ဆိုသူကြီးမလား? တကယ်ပဲ နင့်မျက်လုံးက ပြဿနာရှိနေပြီ!"
နန်ရှီသည် သူမမျက်လုံးကို ဖြေးဖြေးရွေ့လိုက်ရင်း၊ "နင့်မျက်လုံးတွေလည်း တစ်ခုခုမှားနေပြီလို့ ထင်တယ်. ဆုယန်လိုလူမျိုးက အမှတ်ပေးမယ်ဆို ၁၀ မှတ်မှာ ၉ မှတ်လောက်ပဲ ရှိတယ်၊ သိလား?"
ဒါကိုကြားတော့ ကျန်းမုရယ် ပေါက်ကွဲသွားသည်။ "ဝက်သယ်ဖက်၊ သူက ဘယ်လိုကြောင့် ၉ မှတ်ရရတာလဲ!?"
နန်ရှီက ရင်ထဲကမပါတပါအသံဖြင့် ပြောလာ၏၊ "သူက ငါအရင်က ချစ်ခဲ့တဲ့သူမို့!
သူ့ကို ပေါပေါပဲပဲလို့ ပြောရင် ငါ့မျက်နှာကို ဖြတ်ရိုက်သလိုဖြစ်မှာပေါ့? ဘယ်လိုပဲဖြစ်ဖြစ်လေ၊ ငါ့အမြင်နဲ့ပဲကြည့်ကြည့် ... တခြားသူအမြင်နဲ့ပဲကြည့်ကြည့် အနည်းဆုံးသူက ၉ မှတ်လောက်တော့ တန်ပါတယ်ဟ"
"သူ့ရုပ်ရည်က နင့်လိုမျိုး အကြည့်လေးတစ်ချက်နဲ့ လူတွေကို သိမ်းပိုက်နိုင်တဲ့ ရုပ်ရည်မဟုတ်ပေမယ့်၊ သူ့ရဲ့အပြုအမူစရိုက်နဲ့ဆို သူမရှုံးနိုင်ပါဘူး.
သူက နွေးနွေးထွေးထွေးပျူပျူငှါငှါပုံစံမျိုးလေ; နတ်သမီးပုံပြင်ထဲက မင်းသားလေးလို. သမိုင်းပုံပြင်ထဲမှာဆို ရည်မွန်တဲ့အမျိုးကောင်းသားလို. အိုဟယ်၊ သူက ဘယ်သူနဲ့မတူတဲ့ ရိုးသားဖြောင့်မတ်တဲ့ လူကြီးလူကောင်းတစ်ယောက်လေ...
အရိုးသားဆုံးပြောရရင်၊ သူ့ပုံစံက ငါဆယ်ကျော်သက်အရွယ်တုန်းက အကြိုက်ဆုံးဖြစ်ခဲ့တဲ့ပုံစံမျိုးလေ၊ အဲ့လိုဖော်ရွေကြင်နာမှုတွေကြောင့် ငါမြင်မြင်ချင်း ကြိုက်သွားခဲ့တာ!"
ကြားရသည်နှင့်အမျှ ကျန်းမုရယ် ရင်ဘတ်ထဲရှိမီးတောက်သည် ပို၍ ပင်ပူလောင်လာ၏။ "ဖာခ့်၊ ရှောင်နန်ရှီ ... သူ့ကို ခံစားချက်ရှိနေသေးတာလား? နင် သူ့ကို ချီးမွမ်းခန်းဖွင့်နေတာ ကောင်းကင်ဘုံထိရောက်တော့မယ်!"
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၂ Z+U
Romanceအပိုင်း ၁၀၁ မှ ... သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၂ Zawgyi/Unicode အပိုင်း ၁၀၁ မှ ...