Zawgyi
{ကိုယ်ဘယ်လိုလုပ်ရမလဲ၊ နန်ရှီရေ...
ကိုယ်က မင်းထင်နေသလောက် မကောင်းဘူး။
တခါတလေ၊ မင်းရဲ့ ယုံကြည်ကိုးစားလွန်းတဲ့ မျက်ဝန်းတွေနဲ့ ကိုယ့်ကိုကြည့်တဲ့အခါတိုင်း ကိုယ်တကယ်ကြောက်ရွံ့မိတယ်။
တကယ်လို့များ တနေ့နေ့ တချိန်တချိန်မှာ ကိုယ်က မင်းထင်နေသလို လူစားမျိုးမဟုတ်မှန်း သိသွားတဲ့အခါကျရင်... မင်းထွက်သွားမှာလား?}
……
မနက်ဝေလီဝေလင်းအချိန် ငါးနာရီလောက်မှာတော့၊ တံခါးခေါင်းလောင်းမြည်သံကြောင့် လုထင်းရှောင်နိုးသွားတယ်။
သူတံခါးဖွင့်ကြည့်လိုက်တဲ့အခါ၊ ဂနာမငြိမ်ဖြစ်နေသည့် လုကျင်းလီကို အပြင်မှာအတိုင်းသား မြင်လိုက်ရတယ်၊ "ဘရို၊ အရင်ဆုံး ကျွန်တော့်ကို မဆူရဘူးနော်! အစ်ကို အခုချက်ချင်း အိမ်မပြန်ဘူးဆိုရင်၊ ရတနာလေးက အိမ်ကိုဖျက်ဆီးပစ်တော့မှာ! အိမ်ကလူတွေက အစ်ကို့ရော၊ နန်ရှီ့ကိုရော ဆက်သွယ်လို့မရတော့၊ ကျွန်တော့်ကိုပဲ ခေါ်လိုက်တာ!"
အဲ့အချိန်မှာပဲ၊ နန်ရှီတစ်ယောက် လုံးလုံးနိုးလာတောကြောင့် အနောက်ကနေဝင်ပြော၏၊ "ရတနာလေးဘာဖြစ်လို့လဲ? ကျွန်မအခုပဲ လိုက်ခဲ့မယ်!"
ပြောပြောဆိုဆိုဖြင့်၊ သူမရဲ့အိတ်ကို ကောက်လွယ်လိုက်၏၊ လုထင်းရှောင်ကိုတောင်မှ ဆယ်စက္ကန့်အတွင်း သူ့ပစ္စည်းတွေကို ကူပြီးသိမ်းဆည်းပေးလိုက်သေး၏၊ "လာမြန်မြန် သွားရအောင်!"
သုံးယောက်သား လုအိမ်တော်ကို အဆောတလျင်ဖြင့် အပြေးပြန်သွားကြတယ်။
သူတို့ခြံဝင်းထဲကို ရောက်သွားတော့၊ နန်ရှီ ငေးတိငေးကြောင် ဖြစ်သွားရ၏။
"ဒါဘယ်လိုဖြစ်နေတာလဲ! အဲ့ဒါတွေက ဘာတွေလဲ?" အဲ့ဒီမှာ တောက်ပပြောင်လက်နေသည့် ငွေဖြူရောင် လူပုံသဏ္ဍန်အရာဝတ္ထုများက လှည့်လည်လျှောက်သွားနေကြကာ နေရာတစ်ခုလုံး ပရမ်းပတာအနေအထားပင်။ နန်ရှီ သူမမျက်လုံးများကို ပွတ်လိုက်ပြီး ဤမြင်ကွင်းကို အကြောင်သား ငေးကြည့်မိတယ်၊ မသိရင် သူမက အပြိုင်ကမ္ဘာတစ်ခုထဲ ဝင်ရောက်မိသွားသလို ခံစားလိုက်ရတယ်။
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၂ Z+U
Romanceအပိုင်း ၁၀၁ မှ ... သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၂ Zawgyi/Unicode အပိုင်း ၁၀၁ မှ ...