Zawgyi
"Tae ထိုင်လေ"
Jung Kook သူကိုယ်တိုင် Tae Hyung ထိုင်ဖို့ခုံကိုဆွဲပေးလိုက်တယ် ။ Tae က အသင့်ထိုင်ယုံလေးပဲ ။ Jung Kook ကသူ့နေရာသူပြန်ထိုင်ပြီး
"ဘာပြောမလို့တွေ့ဖို့ချိန်းတာလဲဟင် ??"
"ပြောစရာမရှိဘူးဆိုတာနဲ့ပဲမချိန်းရတော့ဘူးလား"
Tae ပြောလိုက်တဲ့စကားကြောင့်သူအူကြောင်ကြောင်ဖြစ်သွားတယ် ။ ပြီးတော့မှရေလိုက်ငါးလိုက်လေးပြန်ပြဖြေလိုက်တယ် ။
"အော် အာ ဟုတ်သားပဲ ပြောစရာမရှိလဲချိန်းလို့ရတာပဲ"
အခုသူအရှေ့မှာထိုင်နေတဲ့ Jung Kook ဟာ အရင်လိုမာနထောင်လွှားပြီး ရိုင်းစိုင်းတဲ့ Jung Kook လို့မထင်ရလောက်အောင်ကိုပြောင်းလဲသွားတယ် ။ အခုပုံစံက Smart ကျတယ်ဆိုပေမယ့် ရူးတူးတူးပေါတောတောပုံစံနဲ့ ။
"Jung Kook"
"အင်းပြောလေ Tae"
သူခေါ်လိုက်တော့ချက်ချင်းပြန်ထူးလာတဲ့ Jung Kook ။
"မင်းအခုငါနဲ့တွေ့တာကို Media တွေ့သွားရင်ဘယ်လိုလုပ်မလဲ ??"
"Hak !! မေးခွန်းကောင်းတယ် Media တွေ့သွားတော့ဘာဖြစ်လဲ အမှန်တိုင်းပြောလိုက်မှာပေါ့ Kim Tae Hyung ဆိုတာကို"
"Haha မင်းကရီရတာပဲ မဆိုးပါဘူးအဖြေက ဒါနဲ့ ငါမင်းကိုသဘောကျနေသေးတယ်ဆိုရင်ရော ??"
Tae ပြောတဲ့စကားတိုင်းကသူ့ကိုအံဩစေသည် ။
"Tae ဘာဖြစ်နေတာလဲဟင် ??"
"မေးတာကိုဖြေပါ ငါကမင်ူကိုသဘောကျနေသေးတယ်ဆိုရင်ဘယ်လိုလုပ်မလဲ ??"
Jung Kook ရှက်ရှက်နှင့်သာလည်ဂုတ်ကိုပွတ်သပ်နေမိတယ် ။
"အဲ့လိုကျတော့နည်းနည်း"
"တွဲရအောင်"
"ဟမ် !!! Tae ဘာပြောလိုက်တယ် ??"
"တွဲရအောင်လို့ မင်းလဲငါ့ကိုစိတ်ဝင်စားနေတယ်မလား ??"
"အရင် အရင်တုန်း"
"အရင်တုန်းကကိစ္စတွေကအတိတ်မှာကျန်ခဲ့ပါပြီလက်ရှိအချိန်ကိုပဲတွေးကျတာပေါ့ မဟုတ်ဘူးလား ??"
ŞİMDİ OKUDUĞUN
You Are My Every Things ||°KV°|| [ Completed ]
Hayran KurguThis is my second TaeKook fanfiction . Don't Copy My Own creation ❌