အချစ်စစ်ရင် ပျားရည်လိုချိုပါတယ်
အတုအယောင်တွေပေါများနေတဲ့
ခေတ်မှာစစ်မှန်တဲ့အချစ်မျိုးစေ့လေး
ရှင်သန်နေသေးတာဟာအရမ်းကို
ကံကောင်းပြီးခမ်းနားလွန်းပါတယ်။သူနဲ့ဆုံတွေ့ခွင့်ရခဲ့တဲ့အတွက်လဲ
ကိုယ့်ကိုယ်ကိုယ်ကံကောင်းတဲ့
လူသားလို့မှတ်ယူထားတယ်....
.
.
.
ကျင်းယွမ်ကိုကျောင်းကြိုဖို့ကားထုတ်
ပြီးထွက်လာခဲ့ကြသည်။ကျောင်းရှေ့မှာ ဆရာမနဲ့စောင့်နေတဲ့
ကျင်းယွမ်လေးကိုမြင်တော့ ရှောင်းကျန့်
လှမ်းခေါ်လိုက်သည်။ကျင်းယွမ်လေးလဲ ခေါ်သံကြားလိုက်ရတော့
ပျော်သွားပြီး.."ပါးပါးရှောင်း"
မတွေ့ရတာကြာနေကြတဲ့သူတွေအတိုင်း
ပြေးဖက်ပြီး ပါးနမ်းလိုက်နဖူးနမ်းလိုက်နဲ့
စကားတွေပြောနေကြတာရိပေါ်ကိုတောင်
မေ့နေကြလေရဲ့..ကားဟွန်းတီးပြီးသတိပေးလိုက်မှရှောင်းကျန့်
နဲ့ကျင်းယွမ်တို့ကားပေါ်တက်လာကြသည်။ရိပေါ်ရဲ့မချိုမချဉ်မျက်နှာပေးကိုသတိထားမိ
တဲ့ဆရာရှောင်းနဲ့ကျင်းယွမ်တို့ ခဏငြိမ်နေပြီး
မှ ရိပေါ်ရဲ့ပါးတစ်ဖက်စီကိုနမ်းလိုက်ပြီး
ဈေးဝယ်ထွက်ဖို့ချွဲနေကြသည်။ရိပေါ်တစ်ယောက်ကြာကြာရုပ်မတည်နိုင်
တော့ ထရယ်လိုက်ပြီး..."တတ်လဲတတ်နိုင်ကြတဲ့သားအဖတွေ
ခါးပတ်,ပတ် သွားကြမယ်"သွားကြမယ်ဆိုတဲ့အသံလဲကြားရော
ရှောင်းကျန့်နဲ့ကျင်းယွမ်တို့နှစ်ယောက်သား
"Ok,ရပြီ စထွက်တော့"လို့အော်လိုက်ကြပြီး
ရယ်မောနေကြသည်။ရိပေါ်ကတော့ မနိုင်ဘူးဆိုတဲ့သဘောနဲ့
ခေါင်းခါလိုက်ပြီးရယ်နေသည်။Supermarketကိုရောက်တော့ ကျင်းယွမ်
လေးကိုတွန်းလှည်းထဲထည့်ပြီး ညစာအတွက်
လိုတာရောရေခဲသေတ္တာထဲထည့်ဖို့လိုတာ
တွေပါတစ်ခါတည်းဝယ်ပြီးပြန်လာကြသည်။လမ်းတစ်လျှောက်လုံးပျော်နေတဲ့ကျင်းယွမ်
လေး ရယ်မောခြင်းအပြည့်နဲ့ပြန်လာခဲ့ကြ
ပေမဲ့ အိမ်ကိုရောက်တဲ့အချိန်မှာ သုံးယောက်
စလုံးလန့်သွားကြတယ်။
.
.
.
ကွမ်းရမ်ဆိုတဲ့မော်ဒယ်တစ်ယောက်ကလဲ
ရှောင်းကျန့်ကိုစိတ်ဝင်စားနေတော့ အကြောင်း
အမျိုးမျိုးရှာပြီးဆက်သွယ်ဖို့သာစဉ်းစားနေတယ်။
YOU ARE READING
By My Side
RomanceWang YiBo🍍 ရန်ဖြစ်လေပိုချစ်လေဆိုတဲ့ စကားအတိုင်းပဲ ဆရာသမားနဲ့ တစ်နေ့တစ်ခါလောက်တော့ရန်ဖြစ်လိုက်ရမှ နေသာထိုင်သာ ရှိတာ.... Xiao Zhan 🍑 မတည့်သာမတည့်တယ် မမြင်ချောင်းကြည့် တွေ့တော့လဲ ရန်သတ်နေရတာ ပြောရင်ဟုတ်ပြီးရင်တလွဲလုပ်တတ်တဲ့ ဆိုးတေကိုမှချစ်မိခဲ့သူ...