သူဌေးဝမ်တို့ကို အထဲဝင်ပါဦးလို့
ပြောရင်း ခပ်မဲ့မဲ့ပြုံးပြလိုက်တယ်။အိမ်ထဲရောက်တော့....
ရိပေါ်နဲ့ကျင်းယွမ်ကိုတွေ့လိုက်ရတယ်။
"ရိပေါ် သားလေး မင်းအဆင်ပြေရဲ့လား"
ရိပေါ် ဘာမှပြန်မပြောပဲ အဆင်ပြေပါတယ်
ဆိုသည့်အဓိပ္ပါယ်နှင့်ခေါင်းသာညိမ့်ပြလိုက်တယ်။ကွမ်းရမ်က..
"ကဲ ဒီလောက်ဆို မိသားစုတွေ အလွမ်းပြေ
လေရော့ပေါ့ ထိုင်ကြပါဦး"ဟုဆိုကာ ထိုင်ခုံတွေရှိရာဘက်သို့ ညွှန်လိုက်ကာ
သူအရင်ထိုင်လိုက်တယ်။ရိပေါ်ကတော့ ကလေးကိုချီကာ အရင်ဝင်
ထိုင်လိုက်တယ်။ကျန်တဲ့သူတွေပါ ဝင်ထိုင်လိုက်ပြီး
သူဌေးဝမ်က..."ဟိတ်ကောင် မင်းလိုချင်တာကိုသာ
အမြန်ပြောစမ်းကွာ ကွေ့ဝိုက်ပြီးလုပ်မနေနဲ့""Wowwစိတ်တွေ မလောပါနဲ့ တဖြည်းဖြည်း
ချင်းပြောပြတာပေါ့ မဟုတ်ဘူးလား"သူဌေးဝမ်ရဲ့စိတ်ရှည်နိုင်မှုကို စမ်းသပ်နေသလိုပင်..
ကွမ်းရမ် ထပ်ပြီးစကားပလ္လင်ခံမနေတော့ပဲ
တည့်တိုးသာပြောလိုက်တော့တယ်။"ကွေ့ဝိုက်မပြောတော့ဘူး ဝမ်ရိပေါ်ရထားတဲ့
ရှယ်ယာတစ်ဝက်ကို ကျုပ်လိုချင်တယ်
ပေးနိုင်လား"ကွမ်းရမ်ပြောလိုက်သည့် စကားက
သူဌေးဝမ်ရဲ့ဒုတိယမြောက်ဇနီးရဲ့ရင်ဝကို
စူးချွန်နဲ့ထိုးစိုက်လိုက်သလို အရမ်းကိုစူးနက်
သွားခဲ့တယ်။မိထွေးဖြစ်သူ ချက်ချင်းထကာ..
"ဘာဆိုင်နေလို့ မင်းကရိပေါ်ရဲ့ဝေစုကို
လိုချင်နေရတာလဲ ငါလုံးဝသဘောမတူဘူး"ထောင်းရာထင့်နဲ့သူဌေးဝမ်တို့တစ်ပြိုင်နက်
တည်းပြောလိုက်ကြတယ်.."သူတောင်းဆိုတာပေးပါ့မယ်လို့ ပြောခဲ့
ပြီးပြီလေ လိုက်လျောရတော့မှာပေါ့"သူရမယ်လို့ထင်ထားတဲ့ ရှယ်ယာတွေကို
တစ်ပါးသူလက်ထဲပေးလိုက်ရတော့မယ်လား
ဆိုကာ သွေးရူးသွေးတန်းနဲ့ရုပ်ပျက်နေလေပြီ။
YOU ARE READING
By My Side
RomanceWang YiBo🍍 ရန်ဖြစ်လေပိုချစ်လေဆိုတဲ့ စကားအတိုင်းပဲ ဆရာသမားနဲ့ တစ်နေ့တစ်ခါလောက်တော့ရန်ဖြစ်လိုက်ရမှ နေသာထိုင်သာ ရှိတာ.... Xiao Zhan 🍑 မတည့်သာမတည့်တယ် မမြင်ချောင်းကြည့် တွေ့တော့လဲ ရန်သတ်နေရတာ ပြောရင်ဟုတ်ပြီးရင်တလွဲလုပ်တတ်တဲ့ ဆိုးတေကိုမှချစ်မိခဲ့သူ...