By My Side(6)

374 33 4
                                    

အရင်ကအကြောင်းပြန်တွေးမိပြီး...

မျက်ရည်ဝဲလာမိတယ်

အချိန်လဲအတော်ကုန်သွားပြီလေ ကျင်းယွမ်လေးကိုရေချိုးပေးဖို့သွားခေါ်ပြီး
ရေမိုးချိုးအဝတ်အစားလဲပေးလိုက်သည်။

ပါးပါးရှောင်းရဲ့ မျက်နှာအရိပ်အကဲကိုဖတ်
တတ်တဲ့ကျင်းယွမ်လေး ရှောင်းကျန့်မျက်နှာကို
သူ့လက်သေးသေးလေးနဲ့ကိုင်ပြီး..

"ပါးပါးရှောင်း ငိုထားတာလား ကျင်းယွမ်
အိပ်ရာစောစောမထလို့လားဟင်"

"မဟုတ်ပါဘူး ပါးပါးဘာမှမဖြစ်ပါဘူး"

"ဝမ်ပါးပါးလုပ်လို့လား ကျင်းယွမ်သွားဆူ
လိုက်ရမလား"

"ဟင့်အင်း မပြောနဲ့ သူနဲ့အရမ်းရင်းရင်းနှီးနှီး
မနေနဲ့နော်"

"ဝမ်ပါးပါးကလူကောင်းပါ"

"ဝမ်ပါးပါးလို့လဲမခေါ်နဲ့ ဦးလေးဝမ်လို့ပြောင်း
ခေါ် ကြားလားကျင်းယွမ်"

"ဟုတ်ကဲ့"

ဟုတ်ကဲ့လို့သာပြောလိုက်ပေမဲ့ကျင်းယွမ်လေး
မျက်နှာမကောင်းဖြစ်သွားတာကိုရှောင်းကျန့်
သတိထားမိတယ်..
.
.
ရိပေါ်ကတော့ အပြင်မှာနေရင်းပဲလေလွင့်နေဆဲ
စိတ်ညစ်ညစ်နဲ့လျှောက်သွားရင်း ဘားဆိုင်မှာ
မှောက်တဲ့အထိသောက်နေသည်။

ဆိုင်ပိတ်ချိန်ရောက်နေတာကြောင့် စားပွဲထိုး
ကောင်လေးရောက်လာပြီး...

"အစ်ကို အစ်ကိုရေ ဆိုင်ပိတ်ချိန်​ရောက်နေပြီ"

"သြော် အဲ့ဒီတော့ ငါပြန်ရတော့မှာပေါ့
ရော့ ဒီမှာပိုက်ဆံ"

"ဟုတ်ကဲ့ လမ်းရောလျှောက်လို့ရသေးလား
ဗျ တစ်ယောက်​ယောက်ကိုခေါ်ပေးရဦးမလား"

"ရတယ် မလိုဘူး"

လမ်းမပေါ်မှာယိုင်တိယိုင်တိုင်နဲ့ ဟိုဝင်တိုက်
ဒီဝင်တိုင်နဲ့လျှောက်လာပြီးကားမှတ်တိုင်နား
မှာငုတ်တုတ်ထိုင်နေသည်။

လွေ့စစ်မုလဲအလုပ်ကိစ္စပြီးလို့ကားမှတ်တိုင်ဘက်ကိုဖြတ်အသွား...ရိပေါ်ကိုမြင်သွားသည်။

ရှောင်းကျန့်ဆီကိုဖုန်းလှမ်းဆက်ပြီး...

"လွေ့စစ်မု ဘာကိစ္စလဲ"

By My SideWhere stories live. Discover now