"တော် တော်ပြီ ငါအရှုံးပေးတယ်
တော်ကြတော့ ယားတယ် ငါ့ကိုပဲ
ကလိထိုးပြီးစနေတယ်ပေါ့""စ,စရာဒီတစ်ယောက်တည်းရှိတာကို
မစရဘူးလား""ဝမ်ရိပေါ် ဒီတစ်ခါမင်းအလှည့်ပဲ
ညစ်ပတ်မယ်တော့မကြံနဲ့နော်""ဟေ့ ဟေ့ ကျန့်ကော ကျင်းယွမ်
မလုပ်နဲ့နော် ကျန့်ကော"သုံးယောက်သား အိမ်ထဲမှာပတ်ပြေးပြီး
တစ်ယောက်တစ်လှည့်စနောက်နေရင်း
ပျော်နေကြတယ်..နောက်ဆုံးတော့ ဆော့ရတာပင်ပန်းပြီး
ကျင်းယွမ်လေးအိပ်ပျော်သွားသည်။အိပ်ပျော်နေတဲ့ကျင်းယွမ်လေးကိုချီပြီး
သူ့အခန်းထဲထည့်ပေးလိုက်တယ်"ကျန့်ကော မောနေပြီလား"
"နည်းနည်းပါ"
"ကျန့်ကော ခေါင်းရောကိုက်နေသေးလား"
"ဟင့်အင်း မင်းလဲသွားနားတော့လေ"
"ဒီနေ့ညကစပြီး ကျန့်ကောဘေးမှာပဲ
ကပ်နေတော့မှာ""ရိပေါ် မင်းငါနဲ့လက်တွဲရင်ပင်ပန်းလိမ့်မယ်
နော် မင်းလိုအနာဂတ်တွေအပြည့်ရှိနေတဲ့
ကလေးတစ်ယောက်ကိုငါ့ကြောင့်နဲ့..."ရှောင်းကျန့်နဖူးလေးကိုနမ်းပြီး ဖက်ထား
လိုက်ကာ"ဘာမှမဖြစ်ဘူး ကျန့်ကောကိုကျွန်တော်
ချစ်တယ် ကျန့်ကောကလဲကျွန်တော့်ကို
ချစ်တယ် ကျန်တာတွေကတဖြေးဖြေးချင်း
အဆင်ပြေအောင်ညှိနှိုင်းယူကြတာပေါ့""ငါကြောက်တယ်"
"မကြောက်ပါနဲ့ ကျန့်ကောကကျွန်တော့်ကို
ယုံကြည်ပြီးဘေးနားကနေအားပေးရင်ရပြီ
ကျွန်တော့်ရင်ခွင်ထဲမှာပဲထားပြီးကျန့်ကော
နဲကျင်းယွမ်ကိုကာကွယ်ပေးမယ် အဲ့တာ
ကြောင့်ကျွန်တော့်လက်ကိုမဖြုတ်ပစ်ပဲ
တွဲထားပေး""ရိပေါ် ငါ...ငါ"
"ဘာလဲ ဘာဖြစ်လို့လဲ ဘာတွေဥာဏ်ဆင်
နေတာလဲ""မဆင်ပါဘူး ငါအိပ်တော့မယ်"
"ကျန့်ကော"
"ဘာလဲကွာ"
"ဒီတိုင်းအိပ်တော့မလို့လား"
"ဒီတိုင်းမအိပ်လို့ မင်းကဘာလုပ်ချင်နေ
သေးတာလဲ"
YOU ARE READING
By My Side
RomanceWang YiBo🍍 ရန်ဖြစ်လေပိုချစ်လေဆိုတဲ့ စကားအတိုင်းပဲ ဆရာသမားနဲ့ တစ်နေ့တစ်ခါလောက်တော့ရန်ဖြစ်လိုက်ရမှ နေသာထိုင်သာ ရှိတာ.... Xiao Zhan 🍑 မတည့်သာမတည့်တယ် မမြင်ချောင်းကြည့် တွေ့တော့လဲ ရန်သတ်နေရတာ ပြောရင်ဟုတ်ပြီးရင်တလွဲလုပ်တတ်တဲ့ ဆိုးတေကိုမှချစ်မိခဲ့သူ...