By My Side(4)

499 31 9
                                    

မနေ့ကတွေ့ခဲ့တဲ့ကောင်လေးနဲ့များ ထပ်ဆုံနိုင်
မလားဆိုတဲ့စိတ်နဲ့အပြင်ထွက်လာခဲ့သည်။

ဓာတ်ပုံဆရာပီပီ ကင်မရာလေးကိုလည်ပင်းမှာ
ဆွဲပြီးရှာပုံတော်ဖွင့်လာခဲ့သည်။

ကော်ဖီမချိုမခါးလေးကြိုက်တာကြောင့် ကော်ဖီ
ဆိုင်တွေ့တာနဲ့မနေနိုင်တဲ့ရှောင်းကျန့်....

ကော်ဖီဝယ်ပြီးထွက်လာချိန် ပရမ်းပတာမောင်း
လာတဲ့ဆိုင်ကယ်နဲ့တိုက်မိလေသည်။

ကင်မရာရော အင်္ကျီရော ကော်ဖီတွေ​ပေကျံကုန်
သည်။

ဒေါသဖြစ်ဖြစ်နဲ့သာဆက်လျှောက်လာခဲ့ရင်း
စောစောကဝင်တိုက်ခဲ့တဲ့ဆိုင်ကယ်ကိုတွေ့
လိုက်ရတာကြောင့်....

"ဟေ့လူ"

ဆိုင်ကယ်ဦးထုပ်စောင်းလျက်သားနဲ့လှည့်ကြည့်
လိုက်တဲ့ကောင်လေး...ဆိုင်ကယ်ဦးထုပ်ဆောင်းထားပေမဲ့ မြင်နေရတဲ့ မျက်လုံးအိမ်နက်နက်
နဲ့ဆွဲဆောင်မှုရှိတဲ့မျက်လုံးတစ်စုံကြောင့် ရှောင်းကျန့်တစ်ခဏငေးမောမိသွားသည်။

"ဘာလဲ ခေါ်ပြီး ဘာမှမပြောဘူးဆိုလဲ လစ်တော့"

"မင်းကြောင့်ငါ့အင်္ကျီတွေရောကင်မရာရောကုန်
ပြီ"

"အဲ့တော့ ငါဘာလုပ်ပေးရမှာလဲ သိပြီ လျော်ကြေးတောင်းချင်တာ"

"လူကိုဘာမှတ်နေတာလဲ ပိုက်ဆံလိုချင်လို့
လာပြောတယ်ထင်နေလား ဒီလမ်းကမင်းပိုင်
တဲ့လမ်းမလို့ဆိုင်ကယ်ကိုမောင်းချင်သလိုမောင်းနေတာလား"

"ယုန်သွားနဲ့လူကစွာလိုက်တာကွာ ဘာလုပ်ပေး
ရမလဲပြောကြည့်လေ"

"ပြန်တောင်းပန် မင်းရဲ့အဲ့ဆိုင်ကယ်ဦးထုပ်
အစုတ်ကိုချွတ်ပြီးတောင်းပန်"

"အစုတ်လို့ပြောရအောင် ငါ့ဦးထုပ်ကိုမင်းကဘာ
မှတ်နေလဲမင်းလည်ပင်းကကင်မရာထက်ပို
တန်ဖိုးရှိတယ် နားလည်လား"

"မင်းဦးထုပ်ကမင်းအတွက်တန်ဖိုးရှိသလို ငါ့ကင်မရာကလဲငါ့အတွက်တန်ဖိုးရှိတယ် အများသွားတဲ့လမ်းဆိုင်ကယ်ကိုလူလိုမစီးတတ်
ဘူးလား"

"ငါ့ကိုလာအော်နေရအောင်မင်းကငါ့အဖေများ
လား ယုန်ကြီး"

"ငါ့မှာနာမည်ရှိတယ် ယုန်မဟုတ်ဘူး"

By My SideWhere stories live. Discover now