မနက်စာစားပြီး ကျင်းယွမ်ကိုကျောင်းပို့ပေးပြီး...
"ကျန့်ကောကိုကျွန်တော်တစ်နေရာ
ခေါ်သွားစရာရှိတယ်""ဘယ်ကိုလဲ ဘာကိစ္စရှိလို့လဲ"
"ရောက်ရင်သိရမှာပေါ့ မလောပါနဲ့"
"အင်း.....ဒါနဲ့ ဘယ်ကိုခေါ်သွားမှာလဲ"
"ဟောဗျာ အခုပဲခေါ်သွားနေတယ်လေ
ရောက်ရင်သိရမှာပေါ့""ပြီးရော ဒါနဲ့ ရိပေါ် ငါဗိုက်ဆာတယ်"
"မနက်ကလဲစားတာမနည်းဘူးလေ
အခုဗိုက်ထပ်ဆာပြန်ပြီလား""အင်း ဟုတ်တယ် ဗိုက်ထပ်ဆာနေတယ်"
"အင်းပါ အင်းပါ ပြီးရင်မုန့်လိုက်ဝယ်ကျွေးပါ့မယ်"
"တကယ်နော် ဝယ်မကျွေးရင် မင်းကိုအိမ်ပေါ်
ကနေကန်ချမယ်"ကလေးတစ်ယောက်လိုပြောဆိုနေတဲ့
ယုန်စွာလေးကိုကြည့်ပြီးရိပေါ်ပြုံးနေမိပြန်တယ်။ချစ်ရတဲ့လူအနားရှိနေရင် ပျော်နေတတ်ကြတာပဲ...
.
.
.
စစ်ကျွေး..ရိပေါ်ဆီဖုန်းဆက်လိုက်တယ်။
*****
ဖုန်းသံမြည်လာလို့ကြည့်လိုက်တော့
စစ်ကျွေးဆီကဖြစ်နေတယ်။ရှောင်းကျန့်က"ဖုန်းကိုင်ပေးရမလား"
လို့မေးလိုက်တယ်။"အင်း ကိုင်လိုက် ကျွန်တော့်တပည့်အသစ်လေး"
လို့အကြောင်းသိတော့တစ်ခါတည်းဖြေလိုက်တယ်။"အင်း"ဟုပြန်ဖြေတဲ့ရှောင်းကျန့်မျက်နှာလေးက
ကျေနပ်နေတဲ့ဟန်။မေးစရာမလိုပဲအလိုက်သတိပြောတော့
သဘောကျတာပေါ့။"ဝေ...ဆရာလား"လို့မေးလိုက်တဲ့ကောင်လေး
တစ်ယောက်ရဲ့ အသံကြားတော့"သြော်....ရိပေါ်ကိုမေးတာထင်တယ်
ရိပေါ်ကားမောင်းနေတယ်""ဆရာ့ကောင်လေးထင်တယ်
မေးစရာလေးရှိလို့ဖုန်းခေါ်လိုက်တာပါ
ညနေမှကျွန်တော်ပြန်ဆက်သွယ်လိုက်ပါ့မယ်"
လို့ပြောပြီးဖုန်းချသွားတယ်။
YOU ARE READING
By My Side
RomanceWang YiBo🍍 ရန်ဖြစ်လေပိုချစ်လေဆိုတဲ့ စကားအတိုင်းပဲ ဆရာသမားနဲ့ တစ်နေ့တစ်ခါလောက်တော့ရန်ဖြစ်လိုက်ရမှ နေသာထိုင်သာ ရှိတာ.... Xiao Zhan 🍑 မတည့်သာမတည့်တယ် မမြင်ချောင်းကြည့် တွေ့တော့လဲ ရန်သတ်နေရတာ ပြောရင်ဟုတ်ပြီးရင်တလွဲလုပ်တတ်တဲ့ ဆိုးတေကိုမှချစ်မိခဲ့သူ...