"ရိပေါ်"
"ပြောလေ ကျန့်ကော"
"ငါ့အတွက်ရေးတဲ့သီချင်းနာမည်က
ဘာလဲ""By My Side"
"ကောင်းလိုက်တာ နားထောင်ချင်ပြီ
ဘယ်တော့ဆိုပြမှာလဲ""ကျန့်ကောအဘိုးကြီးဖြစ်မှဆိုကြမှာ"
"အကျင့်မကောင်းတဲ့ကောင်"
"စတာပါ သီချင်းကနည်းနည်းလို
သေးတယ် သီချင်းလက်စသတ်ပြီး
တာနဲ့ကျန့်ကောကိုအရင်ဆုံး
ဂစ်တာတီးပြီးဆိုပြမယ်""အင်း စောင့်နေမယ် အခုတော့
အိပ်ကြမယ် မနက်ကြရင်အပြင်
သွားစရာလဲရှိတယ်""ကျွန်တော်လိုက်ပို့မယ် ကျင်းယွမ်ကို
လဲကျောင်းကိုပို့ရဦးမယ်လေ""ဟုတ်သားပဲ မနက်ကြစောစောနိုး
လဲနှိုးဦးနော်""အင်း....အိပ်ခါနီးလေး အနမ်းခြွေပါရစေဦး"
"ပိုးထလာပြန်ပြီလားကွာ"
"နော်လို့ အာဘွားလေးတစ်ခါပေးရမယ့်
ဟာကိုဗျာ""ပေးမယ် ပေးမယ်"
အချစ်တွေအပြည့်နဲ့ညအိပ်ရာဝင်ခဲ့ကြ
သည်။
.
.
.
မနက်ခင်းလေးအစမှာ ချစ်ရသူနဲ့အတူ
မနက်စာစားရတာ အချိုဓာတ်ပြည့်ဝ
ပြီးအရသာပိုရှိနေသလို....နေ့စဉ်လုပ်နေကြအတိုင်းအစဉ်လိုက်
လုပ်သွားရင်း သုံးယောက်လုံးကျောင်း
သွားသူကကျောင်းသွား အလုပ်နဲ့အပြင်
သွားတဲ့သူကသွား သီချင်းစာသားကောင်း
ကောင်း အလှဆုံးသံစဉ်တွေကိုဖန်တီး
ဖို့ပြင်သူကပြင်နဲ့ နေ့တစ်နေ့ကိုအစပြုလိုက်
ကြသည်။
.
.
.
ရှောင်းကျန့်ကိုဆင်လိုက်ပို့ပြီး ရိပေါ်လဲ
သီချင်းအေးအေးဆေးဆေးရေးလို့ရမဲ့
နေရာလေးတစ်ခုကိုရှာလိုက်တယ်။နောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ....
သစ်ပင်အရိပ်အောက်မှာရှိတဲ့
ခုံတန်းလေးတစ်ခုရယ် လတ်ဆတ်တဲ့
လေရယ် တိတ်ဆိတ်ပြီးရေသံလေးတွေ
သဲ့သဲ့ကြားနေရတဲ့နေရာလေးတစ်ခုမှာ
"By My Side"သီချင်းလေးကိုပုံဖော်ဖို့
ပြင်ဆင်လိုက်တယ်။ဂစ်တာကိုထုတ် သံစဉ်တွေရေးမှတ်ထားတဲ့
စာအုပ်ကိုဖွင့်ကာဘောပင်ကိုနားရွက်ကြား
ညှပ်ကာ အဓိပ္ပါယ်ပြည့်ဝတဲ့သီချင်းစာသား
နဲ့အလှပဆုံးသံစဉ်တွေကိုပုံဖော်နေခဲ့တယ်။
.
.
.
ရှောင်းကျန့် ဆိုင်ကိုရောက်တော့
မတွေ့ချင်တဲ့လူတစ်ယောက်ကိုတွေ့
လိုက်ရတာကြောင့် ပြုံးနေရာကနေ
ချက်ချင်းမျက်နှာတည်သွားသည်။
YOU ARE READING
By My Side
RomanceWang YiBo🍍 ရန်ဖြစ်လေပိုချစ်လေဆိုတဲ့ စကားအတိုင်းပဲ ဆရာသမားနဲ့ တစ်နေ့တစ်ခါလောက်တော့ရန်ဖြစ်လိုက်ရမှ နေသာထိုင်သာ ရှိတာ.... Xiao Zhan 🍑 မတည့်သာမတည့်တယ် မမြင်ချောင်းကြည့် တွေ့တော့လဲ ရန်သတ်နေရတာ ပြောရင်ဟုတ်ပြီးရင်တလွဲလုပ်တတ်တဲ့ ဆိုးတေကိုမှချစ်မိခဲ့သူ...