"ဝမ်နင် ဆိုင်တံခါးသေချာပိတ်ခဲ့ဦး
ငါကားထုတ်ရင်းနဲ့စောင့်နေမယ်""ဟုတ်ကဲ့ ဆရာ"
ဝမ်နင်ဆိုင်ပိတ်နေတုန်း ကောင်လေး
တစ်ယောက်ရောက်လာပြီး"ဦးလေး"
"ဟေ ဘာလဲကွာ"
"ဦးလေး"
"ဟေ ဘာလဲလို့ကွာ"
"လှည့်ကြည့်ပါဦး"
လှည့်ကြည့်တော့မှ တူပေါက်ဖြစ်နေမှန်း
သိလိုက်ရတယ်။တူကြီးနှစ်ယောက်သားမြင်တော့မှဖက်ပြီး
အလွမ်းသယ်နေကြသည်။"စစ်ကျွေး ဒီကိုဘယ်လိုရောက်လာတာလဲ"
"အလုပ်သင်လေ ဒါနဲ့ ဘယ်သွားကြမလို့လဲ"
"ဆရာကထမင်းလိုက်ကျွေးမယ်ဆိုလို့
သွားစားကြမလို့လေ""ဒါဆိုလဲသွားလိုက်လေ ညကြမှဖုန်းဆက်
လိုက်မယ်လေ""အိုကေ ကောင်းပြီ"
မဆုံတာကြာပြီဖြစ်တဲ့ တူဝရီးနှစ်ယောက်
ညကြဖုန်းဆက်ရင်းရှေးဟောင်းနှောင်းဖြစ်
တွေပြောနေကြသည်။
.
.
ညစာစားဖို့အတွက်ရယ်လုပ်ငန်းရှင်တွေ
နဲ့မိတ်ဆက်ပေးဖို့အတွက်ရယ်ကြောင့်
ရိပေါ်တစ်ယောက်သူ့အဖေနဲ့အတူရှိနေ
ရသည်။ထိုညစာစားပွဲမှာ ရိပေါ်မမြင်ချင်ဆုံးသော
ထောင်းရာထင့်လဲပါနေသည်။ပြန်ချင်ပေမဲ့လဲ အဖေဖြစ်သူကြောင့်
ကြိတ်မှိတ်ကာနေလိုက်သည်။"ကဲ ကဲ ညစာလဲစားပြီးကြပြီဆိုတော့
သားရေးသမီးရေးလေးလဲဆွေးနွေးကြရင်
များမကောင်းဘူးလားသူဌေးဝမ်""ထောင်းပိုင် ခင်ဗျားပြောသလိုပဲမိသားစု
အရေးလေးလဲပြောချင်ပါတယ်""ကျုပ်တို့လူကြီးချင်းကတော့ပြောစရာ
မလိုတော့ဘူးလေ ဟုတ်တယ်မလား"လူကြီးနှစ်ယောက်စကားမဆုံးခင်ရိပေါ်
ကြားဖြတ်ပြောလိုက်သည်။"အဖေတို့ကိစ္စပြီးရင် ကျွန်တော့်ကိုပြန်
ခွင့်ပြုပါဦး"ထောင်းရာထင့်ကလဲ ချက်ချင်းဆိုသလို..
"ဘာလဲ နင့်ယောက်ျားနဲ့ကလေးစောင့်နေမှာ
ဆိုးလို့လား"
YOU ARE READING
By My Side
RomanceWang YiBo🍍 ရန်ဖြစ်လေပိုချစ်လေဆိုတဲ့ စကားအတိုင်းပဲ ဆရာသမားနဲ့ တစ်နေ့တစ်ခါလောက်တော့ရန်ဖြစ်လိုက်ရမှ နေသာထိုင်သာ ရှိတာ.... Xiao Zhan 🍑 မတည့်သာမတည့်တယ် မမြင်ချောင်းကြည့် တွေ့တော့လဲ ရန်သတ်နေရတာ ပြောရင်ဟုတ်ပြီးရင်တလွဲလုပ်တတ်တဲ့ ဆိုးတေကိုမှချစ်မိခဲ့သူ...