"ကိုယ်ချစ်တဲ့သူကကိုယ့်ကိုဖွင့်ပြောတာ ပျော်ရ
မှာကိုဘာလို့မပျော်တာလဲ သူ့မှာချစ်သူရှိနေတာ
မဟုတ်ဘူးလား"စိတ်ထံတွင် အတွေးများစွာဝင်ပြီး ရှောင်းကျန့်
မပျော်နိုင်ခဲ့ဘူး...ရိပေါ်မေးနေတာတောင်မကြားနိုင်ပဲ အတွေးတွေ
နဲ့ရှုပ်ထွေးနေတုန်း.."ဆရာရှောင်း ဘာတွေအဲ့လောက်တွေးနေတာ
လဲ""မင်း ငါ့ကိုချစ်တယ်ပြောတဲ့ကိစ္စစဉ်းစားနေတာ"
"ထူးဆန်းနေမယ်ဆိုတာသိတယ်"
"ဘယ်သူမှချက်ချင်းကြီးချစ်မလာနိုင်ဘူး"
"တော်တော်တွေလျှောက်တွေးနေတာပဲ"
"တွေးရမယ် ငါမယုံဘူး "
"မတတ်နိုင်ဘူးပေါ့ တစ်ပတ်အတွင်းမင်းငါ့ကို
ပြန်ချစ်လာမယ်လို့တော့ငါယုံတယ် ပြီးတော့
မင်းမျက်လုံးတွေကငါ့ကိုလိမ်နေသလို..""မင်းလိုလူမျိုးကိုလိမ်လို့ငါ့အတွက်
ဘာအကျိုးရမှာမလို့လဲ""စောင့်ကြည့်နေပါတယ် မင်းလိမ်ထားတာ
ဆိုရင်လဲရအောင်ထုတ်ဖော်ပြပေးမယ်""မင်းထင်သလိုအချစ်ဆိုတာကအလွယ်လေး
ဖြစ်တည်လာတာမဟုတ်ဘူး ငါ့အတွက်
အချစ်ကအဓိပ္ပါယ်ရှိတဲ့အရာတစ်ခုပဲ""အချစ်ဆိုတာကအဲ့လောက်မခက်ခဲဘူး
မင်းလဲမင်းခံယူချက်နဲ့ပဲငါလဲငါ့လက်ခံမှု
နဲ့ငါပဲ""သိသာတယ် တကယ်မချစ်ပဲ လျှာရိုးမရှိတိုင်း
လေအလကားရတိုင်းပြောနေတာ""ဟုတ်တယ် ငါမင်းကိုတကယ်မချစ်ဘူး
ငါ့ရည်းစားဟောင်းနဲ့လောင်းကြေးထပ်
ထားလို့ ရပြီလား ငါသွားပြီ"ရှောင်းကျန့်ထင်တဲ့အတိုင်းပဲ....
အိမ်ထဲဝင်ဖို့ပြင်နေတုန်း နောက်ကနေ
"ဝေ့ ဆရာရှောင်း "
"အမ် မင်းမပြန်သေးဘူးလား"
"ငါ့ဖုန်းမင်းဆီမှာလေ"
"မရှိဘူး အရူးကောင်ရဲ့"
"ရှာကြည့်စမ်းပါဦး မဟုတ်လဲမင်းဖုန်းခဏပေး"
"ဘာလုပ်ရအောင်လဲ အရင်ရှာကြည့်ပေးမယ်"
YOU ARE READING
By My Side
RomanceWang YiBo🍍 ရန်ဖြစ်လေပိုချစ်လေဆိုတဲ့ စကားအတိုင်းပဲ ဆရာသမားနဲ့ တစ်နေ့တစ်ခါလောက်တော့ရန်ဖြစ်လိုက်ရမှ နေသာထိုင်သာ ရှိတာ.... Xiao Zhan 🍑 မတည့်သာမတည့်တယ် မမြင်ချောင်းကြည့် တွေ့တော့လဲ ရန်သတ်နေရတာ ပြောရင်ဟုတ်ပြီးရင်တလွဲလုပ်တတ်တဲ့ ဆိုးတေကိုမှချစ်မိခဲ့သူ...