By My Side(8)

353 23 0
                                    

ကားပေါ်တက်တော့ ကျင်းယွမ်လေးကို
သေချာခါးပတ်ပတ်ပေးပြီးမှ ရှောင်းကျန့်
အရှေ့မှာဝင်ထိုင်လိုက်သည်။

ခါးပတ်မပတ်ပဲ သွားဖို့ပြောနေတဲ့
ဆရာရှောင်းကိုကြည့်ပြီး....

"ခါးပတ်မပတ်ဘူးလား ငါကအဲ့တာကအစ
လုပ်ပေးရမှာလား"

"တစ်ခါတလေလေးမေ့တာကိုပဲပြောနေ
လိုက်တာ"

"တစ်ခါတလေတဲ့လား အရင်တည်းကပါ
အမြဲလိုလိုငါပဲထိုင်ခုံခါးပတ်ပတ်နေရတာကို"

"ဘယ်တုန်းကလဲ ထစ်ခနဲဆိုဆိုင်ကယ်ကြီး
တကားကားနဲ့လေ ဘယ်တုန်းကများ
ကားနဲ့သွားဖူးလို့လဲ"

"မင်းသူငယ်ချင်းမင်္ဂလာဆောင်တုန်းက
ကားနဲ့သွားခဲ့တာမဟုတ်လို့လား"

"အဲ့ဒီတစ်ခါတည်းရှိခဲ့တာလေ တစ်ခါလေး
ခါးပတ်ပတ်ပေးရတာကိုများ"

"မင်းပဲဆိုင်ကယ်နဲ့အေးလို့ကားနဲ့သွားမယ်
ပြောလို့ငါကားမောင်းပြီးကမ်းခြေထိပါလိုက်
ပို့ခဲ့တာနော်"

"မင်းရူးနေလား လေတဟူးဟူးနဲ့ ကမ်းခြေ
ရောက်ထဲ့အထိဆိုအေးမှာပဲလေ"

"နေရောင်နွေးနွေးလေးနဲ့သွားရတာကို
ဘာမကောင်းလို့လဲ"

အနောက်ကနေနားထောင်နေတဲ့ကျင်းယွမ်
တစ်ယောက် တစ်ယောက်တစ်ခွန်းနဲ့
စကားလုပြောနေကြတဲ့ပါးပါးနှစ်ယောက်
ကိုကြည့်ပြီးထပြောလိုက်တော့တယ်..

"ဒီနေ့ ကျင်းယွမ်နေ့လည်စာစားရမှာလား
နေ့တိုင်းနေ့တိုင်း တွေ့လိုက်တာနဲ့ ကလေး
လေးတွေလိုရန်ဖြစ်နေရတာလဲ လမ်းမှာ
ဖြစ်လိုက် ဆေးရုံလဲမရှောင်နဲ့ နမ်းတဲ့သူကနမ်း
ဟုတ်နေတာပဲ ခုလဲကျင်းယွမ်ကိုနောက်ထား
ပြီးတော့...ပါးပါးတို့ကျင်းယွမ်ကိုရှိတယ်ရော
ထင်ကြသေးရဲ့လား"

ရှောင်းကျန့်လဲ နည်းနည်းရှက်သွားပြီး..

"ငါ့သားကိုငါမချစ်ပဲနေမလား ကျင်းယွမ်
ကတော့နော်..."

"ခါးပတ်ပတ်တော့လေ ဘာလဲဝမ်ပါးပါး
ခါးပတ်ပတ်ပေးတာကိုစောင့်နေတာလား"

ကျင်းယွမ်ပြောတော့မှ ထိုင်ခုံခါးပတ်ပတ်
လိုက်ပြီး..

"မောင်းတော့လေ ဘာလုပ်နေတာလဲ"

By My SideWhere stories live. Discover now