Part 6

2.6K 325 24
                                    

(Unicode)

မွေ့ရာပေါ်မှာ အေးချမ်းစွာ အိပ်စက်နေတဲ့ကောင်လေးအားကြည့်ကာ သူအနည်းငယ်ဝမ်းနည်းမိသည်...

ပါးဖောင်းဖောင်းလေးတွေက အနည်းငယ်ပိန်လာသလို..အတိတ်ကထိတွေ့ခဲ့ဖူးတဲ့ဆံပင်ကောက်ကောက်လေးတွေအစား ဖြောင့်စင်းလှသော ဆံပင်ပျော့ပျော့လေးတွေကိုသာတွေ့ရတော့သည်..

မျက်လုံး..နှာတံ...နှုတ်ခမ်းအထိ သူအသေးစိတ်ကြည့်နေမိသည်...
တစ်စုံတယောက်ကိုပြန်တွေ့ရသော အခါ ဝမ်းသာမှုအတိဖြစ်သောခံစားချက်လေး ရင်ဝယ်၌ဖြစ်တည်လာလေသည်...

ပုပုလုံးလုံးလေးနဲ့ သူ၏ရှေ့နားပြေးလာသောကလေးငယ်အားတဖန်တွေ့ရတော့ဝမ်းသာမဆုံးပင်ပျော်မိသည်။
ထိုကလေးငယ်သည်သူအား နွေးထွေးမှုအစုံကို ပေးအပ်လေသည်။

ဆေးရုံကြီးရှိထောင့်တစ်နေရာတွေ ထိုင်နေသောသူ့အား အလင်းရောင်လေးတစ်ခုလိုပေးစွမ်းလာသောကလေးငယ်ကိုသူမည်သည့်အခါမှမေ့မရခဲ့။

သားမေမေဆုံးပြီဆိုတဲ့အသံတစ်ခုရယ်.. အဝတ်အဖြူရောင်လေးကိုလှန်ကြည့်တော့ သေချာမမြင်ရအောင် လောင်ကျွမ်းနေသော မျက်နှာငယ်လေး..သေးငယ်လှသောကိုယ်ထည်.. ထိုအရာများ မြင်ရကြားရပြီးနောက် စိတ်လွတ်ကာထွက်ပြေးလာခဲ့သည်။

မနက်တုန်းကတောင် သူ့အား မနက်စာလုပ်ကျွေးတဲ့မေမေသည် ယခု မီးလောင်နေသောရုပ်အလောင်းဖြစ်နေသည်ကိုသူမယုံပေ။

ရယ်မောကာ နှုတ်ဆက်လိုက်သောအမေ့အပြုံးကို မရနိုင်တော့ဘူးဆိုတဲ့စိတ်က သူ့၏နှလုံးသားအားနှိပ်စက်လေသည်။
မဖက်ပေးနိုင်တော့ဘူး ဆိုတဲ့အတွေးလေးက ရင်ဘက်တစ်ခုလုံးကိုကြွေမွှလိုက်သလိုပင်..
ရင်ထဲမွန်းကြပ်လာကာ ရင်ဘက်တစ်ခုလုံးပျက်စီးသွားသလိုခံစားရသည်...

အော်ငိုချင်သော်လည်း အလွန်ပင်ထိတ်လန့်သွား၍ အသံထွက်မလာခဲ့။

"မဖြစ်နိုင်ဘူး..မဖြစ်နိုင်ဘူး.."

ထိုစကားကိုကြိမ်ဖန်များစွာရွတ်ကာ..
မွန်းကြပ်နေသောသူ၏ရင်ဘက်ကိုအားဖြင့် အကြိမ်ပေါင်းများစွာ ထုမိသည်...

𝖻𝗅𝗎𝖾 𝖾𝖽𝖾𝗇 | 𝗃𝖺𝗒𝗐𝗈𝗇 [𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now