Part 29

1.8K 199 35
                                    

(unicode)

အလင်းမတိုးပေါက်အောင် ပိတ်ကာထားသော လိုက်ကာကို Jayကို အနည်းငယ်ဆွဲဖယ်လိုက်သည့်အခါ နှင်းဖြူဖြူတို့က အပြင်ဘက်နှင့်ခြားထားသောမှန်ချပ်ကို လာရောက်ထိတွေ့သည် ။ Jay နှင်းပွင့်ချပ်တွေဝင်ရောက်ဖို့ခက်ခဲလှသော အလုံပိတ်မှန်ကနေ အပြင်လေထုကိုခနတာငေးကြည့်နေရင်း အတွေးဟာ တလွင့်လွင့်။

သူရောက်နေသည့်နေရာသည် Seoul မြို့ရဲ့ အကောင်းဆုံးဟုသတ်မှတ်ရသော ဆေးရုံမှ VIPအခန်း။ VIPအခန်းပီပီ ပုံမှန်ထက်ပို၍အဆင်မြင့်သောအခန်းသည် ပြောစရာမလိုအောင်သန့်ရှင်းပြီးသပ်ရပ်သည် ။ လိုလေသေးမရှိ ထားရှိပေးထားသော ဆေးကိရိယာတွေက လူနာဘေးမှာ ပြည့်"စုံ" ။

သို့သော် မပြည့်စုံသည်က ပျောက်ရှနေဆဲစကားသံ။
အခန်းတွင်းမှ တိတ်ဆိတ်နေသောအငွေ့အသက်သည် ဆောင်းလေထုတွေနှင့် အပြိုင် အေးစက်လှပါဘိ ။

" ကျေနပ်သွားပြီလား သားငယ် ။ ဒီလိုEdenမိသားစုတစ်ခုလုံးကိုအစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် ဖျက်ဆီးလိုက်တော့ စိတ်ထဲကျေနပ်ရဲ့လား "

လူနာဝတ်စုံဖြူလွှလွှကို ဝတ်ထားသူက ခပ်အေးအေးမေးလာတော့ အပြင်ကိုငေးကြည့်ရင်းJay နှုတ်ခမ်းထောင့်တစ်ဖက်ဟာ အလိုလိုမြင့်တက်သွားရကာ ဖခင်ဖြစ်သူအနားမှာ ဝင်ထိုင်လိုက်သည်။ ထို့နောက် နွမ်းကျနေသောဖခင်ဖြစ်သူ၏မျက်ဝန်းတွေကိုကြည့်ရင်း ​လှောင်ရိပ်သွမ်းသော မျက်ဝန်းနက်နှင့်ဖြေသည်။

" အဲလိုလုပ်ဖို့တောင်မလိုခဲ့ဘူး အဖေ..။ ကျွန်တော့်ဘက်က အထူးတလည် ဖျက်ဆီးစရာမလိုအောင် ဒီမိသားစုက အစကတည်းက တစ်စစီ ပြိုကွဲနေခဲ့ပြီးသား ။ အဖေမကျေနပ်တိုင်း လက်သည်နေရာမှာ ကျွန်တော့်နာမည်ကို မထည့်လိုက်နဲ့ "

Jay၏အဖြေကြောင့် ဖခင်၏မျက်နှာဟာ ကွက်ခနဲပျက်သွားခဲ့သည်။ အစကတည်းကပြိုကွဲနေပြီးသား မိသားစု တဲ့လေ။ ဖခင်ဖြစ်သူ မျက်ဝန်းတွေဟာ အသက်အရွယ်ကြောင့်ထက် သားဖြစ်သူစကား​အနက်ကြောင့် မငြိမ်မသက် ။ နာကျင်နေရသောအပိုင်းအစတို့က မျက်ဝန်းစီးကြောင်းတွေမှာ ကပ်ညှိနေလေရဲ့ ။

𝖻𝗅𝗎𝖾 𝖾𝖽𝖾𝗇 | 𝗃𝖺𝗒𝗐𝗈𝗇 [𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now