Part 23

1.9K 248 110
                                    

(Unicode)

[Song recommended=
The one that got away by Katy Perry]

အခန်းငယ်လေးဖြစ်သည့်အလျောက် အေးစက်ခြောက်ကပ်လွန်းသော ကြမ်းသားပြင်ပေါ်တွင်ထိုင်နေသောသူသည် Eden Groupက ဒုဥက္ကကြီးPark Jayတဲ့လေ။

သံတိုင်တွေကြားက တိုးဝင်လာတဲ့အလင်းရောင်ငယ်လေးဟာ ရှုံးနိမ့်နေသောသူတစ်ယောက်လို မှိုင်ကျကျကထိုင်နေသောသူ့ဆီသို့ဖြာကျနေလေသည်။

အကျဥ်းထောင်ဟူသောအမှောင်မိုက်ဆုံးနေရာနှင့်မလိုက်ဖက်လှသောထိုလူမှာဘာကြောင့်ဒီကိုရောက်နေရတာလဲဆိုတာ တွေးစရာမလိုတော့။

မှောင်နေတဲ့ဒီအခန်းငယ်မှာရှိနေခဲ့တာ တစ်ပတ်လောက်ရှိနေပြီ။

ဒီကိုရောက်ကတည်းက အကြောင်းအရာတစ်ခုတည်းကိုသာတွေးနေမိသည်။

Jungwonသူ့ကိုအထင်လွဲသွားပြီ။သာမန်အထင်လွဲတာမဟုတ်ဘဲ  သိပ်ကို ကြီးလွန်းတဲ့အထင်လွဲမှု။

သူကိုယ်တိုင်ရှင်းပြချင်ပေမယ့် အခုတော့ ဒီအထဲကထွက်ရဖို့အချိန်လိုသေးတယ်။ဒီအတောအတွင်းမှာJungwonသူ့ဆီကနေထွက်ပြေးသွားမလားဆိုတဲ့ပူပန်မှုတွေ၊ မုန်းသွားပြီဆိုတဲ့ရက်စက်တဲ့စကားတွေဟာ သူ့ကိုနှိပ်စက်လွန်းလို့ မအိပ်ရပေါင်းများခဲ့ရပြီ။

ခေါင်းကိုလက်ဖြင့်ဖွာလိုက်ရင်
အောက်သို့ငိုက်စိုက်လိုက်သည်။

အမှန်တော့သူ Yang Jong Min [A/N- Jungwonရဲ့အဖေ] ကို သတ်ပစ်ချင်လောက်အောင်မုန်းတယ်။မုန်းရမယ့်အကြောင်းပြချက်ကခိုင်လုံနေတာကို သူမမုန်းရင်သိပ်ကိုထူးဆန်းနေတယ်မလား။

Edenရဲ့အပန်းဖြေစခန်းမီးလောင်မှုနောက်ကွယ်က ကြိုးကိုင်နေတဲ့သူကJungwonအဖေဆိုတာကို video ကနေမြင်လိုက်ရတဲ့အခိုက် သူ့ဒေါသရဲ့မီးအဟုန်ကအရှိန်ပြင်းပြင်းတောက်လောင်လာခဲ့သည်။

ကယ်ခဲ့ရင်ရရက်နဲ့ အရှင်လတ်လတ်မီးလောင်တိုက်သွင်းခဲ့တဲ့ပုံရိပ်တွေကသူ့ကိုတစတစဝါးမြိုလာကာ ထိုလူကိုသတ်မယ်ဆိုတဲ့အတွေးကိုသာတစ်ချိန်လုံးတွေးနေမိခဲ့သည်။

ဒါပေမယ့် ဒီဒေါသတွေက လူတစ်ယောက်ကြောင့်ပျက်ယွင်း​ပျော့ညံ့သွားလိမ့်မယ်လို့သူမတွေးမိခဲ့။

𝖻𝗅𝗎𝖾 𝖾𝖽𝖾𝗇 | 𝗃𝖺𝗒𝗐𝗈𝗇 [𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now