Part 12

2.3K 286 55
                                    

(Unicode)

အပြာရောင်အခန်းလေးထဲ အိပ်ရာလေးပေါ်အိမ်မောကျနေသောကလေးငယ်အား မြတ်နိုးစွာငေးကြည့်နေသူ။

Jay၏မျက်နှာသည် သာမန်အချိန်ထက်တည်ငြိမ်နေပြီး ပင်ပန်းနေပုံရသည်။

အိပ်ရာထဲက ကလေးငယ်သည် အိမ်မက်ဆိုးမက်ဟန်နှင့်တူပါ၏။နှဖူးလေးထက် ချွေးစိုလျက် ဖြူကာပါးလွှာနေသောနှုတ်ခမ်းပါးမှ တုန်လှုပ်နေသည်။

"ဘွားဘွား..ဘွားဘွား.."

အားနည်းပြီးအဖျားကြီးသွား၍ နှုတ်ခမ်းဖျားမှ ကယောင်ကတမ်းအော်နေသောJungwon၏မျက်နှာအရောင်သည် ဖျော့တော့နေသည်။

မျက်ခုံးတန်းလေးနှစ်ခုက ထိစပ်လုနီးဖြစ်နေတာမို့ ​ပြေလျော့သွားအောင် သူ၏အေးစက်နေသောလက်လေးနှင့်အသာအယာပြန်ဖြန့်ပေးရသည်။

ထို့နောက် မျက်တောင်လေးစင်းကျကာ အိပ်ပျော်နေသောဝန်းလေးရဲ့မျက်နှာလေးကို ငေးမောကြည့်နေတာအတန်ကြာပင်။

မျက်နှာလေးမှ သူနမ်းခဲ့ဖူးသောမှဲ့လေးနားအကြည့်အရောက်တွင် သူ၏နှလုံးသားလေးကနွေးခနဲ။

သူနမ်းလိုက်တုန်းက တုန်လှုပ်သွားတဲ့ဝန်းလေးရဲ့မျက်ဝန်းလေးကိုမှတ်မိသေး၏။

သူကိုယ်တိုင်မရည်ရွယ်ဘဲနမ်းခဲ့မိသောအနမ်းတစ်ခုကြောင့် ဝန်းလေးကိုအထင်လွဲသွားမှာကိုလည်း သူကြောက်ခဲ့မိသည်။

ဒါပေမယ့်သူ့နှလုံးသားကိုနာကျင်အောင်လုပ်တဲ့ဒီကလေးကိုသူအပြစ်ပေးရမည်မဟုတ်လား။

ဦးလေးကြီးကလူဆိုးတဲ့လေ။

Jayသည် အိပ်နေတဲ့ကလေးငယ်ကို ငေးကြည့်ရင်း နှုတ်လမ်းထောင့်လေးကကွေးတက်သွားသည်။

ဟုတ်ပါ့ရဲ့ သူကလူဆိုးပဲကို..လူတိုင်းကသူ့ကိုလူဆိုးတစ်ယောက်အနေနဲ့သတ်မှတ်ထားကြတာပဲမဟုတ်လား။ဒီစကားက သူ့အတွက်တော့ဘာမှနာကျင်စရာမှမရှိတာ။

ဒါပေမယ့် ဒီစကားကိုဝန်းလေးပြောတော့ သူဆိုးဆိုးဝါးဝါးနာကျင်သွားရသည်။ရင်ဘတ်တစ်ခုလုံးဗြောင်းဆန်သွားအောင် စူးနင့်သွားရသည်။

𝖻𝗅𝗎𝖾 𝖾𝖽𝖾𝗇 | 𝗃𝖺𝗒𝗐𝗈𝗇 [𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now