Part 30

2.7K 195 54
                                    

(unicode)

" ဥက္ကဌကြီး! ဥက္ကဌကြီး !! "

ခေါ်သံကိုကြားတာတောင် တင်းတင်းဆုပ်ထားသော လက်သီးဟာ ပြေလျော့မသွား။ လျစ်လျူရှုနေမြဲဖြစ်တဲ့ဥက္ကဌကြီးနောက်ကို Jungwonသုတ်ခြေတင်ကာ လိုက်ပေမယ့် အရှေ့ကလူဟာ သူ့ကို အနည်းငယ်တောင် အဖက်လုပ်ကာ လှည့်မကြည့်။

လေသံတွေဟာ တဖြည်းဖြည်း လေးနက်လာလေလေ ဖြတ်သွားတဲ့ လမ်းတစ်လျှောက် ဝန်ထမ်းတွေက အရှေ့က ခြေလှမ်းမြန်မြန်နဲ့ထွက်သွားတဲ့အရိပ်လေးကို တစ်ခါ ၊ အနောက်ကလိုက်လာတဲ့ အရိပ်ကိုတစ်ခါ ကွက်ကြည့်ကွက်ကြည့် ကြည့်သွားကြသည်။

Jungwon အတိတ်ကိုပြန်သတိရပြီးကတည်းက Blue Eden Palaceမှာပဲနေနေ၍မဖြစ်တော့သည့်အကြောင်းကိုပြုပြီးအပြင်မှာအလုပ်လုပ်ချင်ပါတယ်လို့ Jayကိုပြောတော့ Jayအစက ငြင်းပါသေးသည် ။

Companyပိုင်ရှင်တစ်ယောက်ရဲ့နှလုံးသားတစ်ခုလုံးကို ဝန်းလေးကကအစိုးရပြီးသားဖြစ်ရက်နဲ့ အလုပ်လုပ်ချင်တဲ့ကိစ္စကို Jayခွင့်မပြုနိုင် ။ ကျန်တာဆိုရင် လို"လား"နဲ့ ခွင့်ပြုပါတယ်ဆိုလည်း ဝန်းလေးက ဒီတစ်ခုကိုပဲတောင်းတောင်းဆိုဆိုဖြစ်နေတော့ ခက်ရချည်ပင် ။ သူ့ပိုင်ဆိုင်မှုအကုန်လုံးက ဝန်းလေးနဲ့ပဲသက်ဆိုင်တယ်ပြောတိုင်း မသိကျိုးကျွန်ပြုတဲ့အဆိုးပေလေးဟာ အဆုံးထိအရှုံးမပေးဘဲ အမျိုးမျိုးသောအကြောင်းပြချက်တွေနှင့်ပြန်လည်ချေပတတ်သည်။

ဘယ်လောက်ငြင်းငြင်း ပိုချစ်တဲ့သူက တစ်ဝက်ရှုံးထားပြီသားမို့ ချစ်ရသူထံအငြိုငြင်မခံနိုင်တဲ့ Jayကပဲ ၃နှစ်အတွင်းတိုးတက်လာတဲ့ Jungwonရဲ့ခေါင်းမာမှုအောက်မှာ အလံဖြူပြလိုက်ရပြီး Jungwonရဲ့တောင်းဆိုမှုကိုမတတ်သာဘဲ လိုက်လျောလိုက်ရ၏။

အစကတော့ Jayကိုယ်တိုင် သွေးနှင့်ချွေးနှင့်တည်ဆောက်ခဲ့တဲ့JW Companyမှာကိုယ်စားလှယ်အဖြစ်တာဝန်ယူဖို့ကမ်းလှမ်းပေမယ့် အောက်ခြေနေစပြီးအလုပ်လုပ်ချင်ပါတယ်ဆိုတော့ အရိပ်လေးတောင်အပျောက်မခံနိုင်တဲ့Jayအဖို့တော့ သူနဲ့မနီးမဝေးမှာရှိနေနိုင််မယ့် သင့်တင့်တဲ့နေရာတစ်ခုကို တာဝန်ယူခိုင်းခဲ့၏။

𝖻𝗅𝗎𝖾 𝖾𝖽𝖾𝗇 | 𝗃𝖺𝗒𝗐𝗈𝗇 [𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now