( Unicode )
ဆေးရုံရဲ့အပြင်ဘက်အခြမ်းကို ပြတင်းပေါက်ကလှမ်းကြည့်နေတဲ့ Sunghoonသည် Jaeyunဝင်လာတာကို သတိမထားမိ။ အတွေးတွေ လွင့်နေလောက်သည်ထင်ပါသည်။ ဒါမှမဟုတ် ပျော်နေလောက်သည်လား။ ဒီနေ့သည် Sunghoon ဆေးရုံဆင်းဖို့ တစ်ပတ်အလိုတွင်ဖြစ်သည်။ အရာအားလုံး အဆင်ပြေပြေနဲ့ ဖြတ်သန်းခဲ့တဲ့နေ့ရက်ကလေးတွေမှာ Sunghoonအခြေအနေကောင်းလာတာကိုမြင်တိုင်း Jaeyunစိတ်ချမ်းသာရသည်။ ပျော်ပါသည်။စိတ်ဒဏ်ရာအကြီးအကျယ်ရသွားတဲ့ကလေးကို အနီးကပ်စောင့်ရှောက်ချင်လို့ သူ့အလုပ်တွေကိုတခြားလူလက်ထဲ လွှဲထားခဲ့ရတာ။ ဒီကောင်လေးကိုပဲ အာရုံစိုက်ချင်လို့ သြဇီက ပြန်ခေါ်နေကြတာကိုတောင် လျစ်လျူရှုထားပစ်ခဲ့တဲ့ Jaeyunသည် Sunghoonကိုပဲ ကြည့်နေတုန်း၊ Sunghoonရဲ့အရိပ်အောက်မှာ မာနတွေကို ခြေဆင်းပေးနေတုန်း။
Jaeyunသည် ကုတင်ဘေးမှာ ထိုင်ရင်း Sunghoonကို တိတ်တိတ်လေးသာ ခိုးကြည့်နေမိသည်။ ဒီအတိုင်းငေးကြည့်ရင်တောင် စိတ်အေးချမ်းနေတဲ့ sunghoonသည် ဘယ်လိုဖြစ်တည်မှုမျိုးပါလိမ့်။ လူစင်စစ်ရောဟုတ်ရဲ့လား။ နတ်ဘုရားအနွယ်ကများ သူ့တစ်ယောက်တည်းအတွက် ဖန်တီးပေးလိုက်တာများလားလို့လည်း ခပ်ကြောင်ကြောင် အတွေးမျိုးဝင်ဖူးသည်။
အဖြူရောင်ဆံပင်လေးတွေက ယိမ်းလာသည်။ ပြတင်းပေါက်ဘက်ကို စောင်းထားတဲ့ ခေါင်းလေးဟာ Jaeyunဘက်ကိုလှည့်လာသည်။ အမူအရာတွေဟာ ငြိမ်ပါသည်။ နားလည်ရခက်ပေမဲ့ Sunghoonဘာသာရပ်မှာ ကျွမ်းကျင်နေတဲ့သူဟာ နားလည်သင့်သလောက်နားလည်နေသည်။
" ဘာဖြစ်လို့လဲ။ ဗိုက်ဆာလို့လား။ တစ်ခုခုစားချင်လို့လား။ ကိုယ်ဘာဝယ်ပေးရမလဲ။ "
YOU ARE READING
𝖻𝗅𝗎𝖾 𝖾𝖽𝖾𝗇 | 𝗃𝖺𝗒𝗐𝗈𝗇 [𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]