Part 26

1.9K 251 80
                                    

(Unicode)

ဒီနေ့နှင်းတွေထူမယ်လို့သတင်းကြောင့် ဒေါ်ကြီးရဲ့စိတ်တစ်ခုလုံးဂနာမငြိမ်ဘဲ မျက်လုံးလေးကဆိုင်အပြင်သို့ ခိုးခိုးကြည့်မိသည်။

အပြင်ကအရိပ်လေးအခုထိရှိနေသောကြောင့် ထိုကောင်လေးရဲ့ဇွဲကောင်းတဲ့စိတ်ကိုလေးစားသလို အထဲမှာခုံသုတ်နေတဲ့ ​ကောင်လေးရဲ့ခေါင်းမာပြီးဇွတ်တရွတ်နိုင်တဲ့စိတ်ကိုပါလေးစားမိကာ ခေါင်းကိုသာတွင်တွင်ခါမိသည်။

အပြင်ကိုကြည့်ရင်း ဘယ်နှရက်ရှိပြီလဲဆိုတဲ့အမေးသာခေါင်းထဲဝင်လာပြီး သက်ပြင်းချနေမိတာ ကာယကံရှင်နှစ်ယောက်မဟုတ်ဘဲ သူမကိုယ်တိုင်သာ။

နေ့လည်ကျော်လွန်တဲ့အချိန်လေးဆိုတော့ ဆိုင်မှာလူလည်းသိပ်မရှိတော့ပေ။လူပါးတော့ အခန်းလေးထဲမှာအေးအေးလူလူနဲ့စားပွဲသုတ်နေတဲ့ ကောင်လေးကိုမျက်စောင်းထိုးရင်း အနားသို့သွားလိုက်သည်။

သီချင်းလေးတဆိုဆိုနှင့် ရက်စက်ပြနေတဲ့ကောင်လေးရဲ့ခေါင်းလေးကိုတစ်ချက်လောက်နာနာခေါက်တော့ မျက်မှောင်ကျုတ်ပြီးပြန်ကြည့်လာသည်။

"အာ..ဘာဖြစ်ရပြန်တာလဲ..ဒေါ်ကြီးရာ.."

စိတ်မရှည်သောလေသံလေးနှောပြတော့ ဒေါ်ကြီးတောင်ရင်ခံသွားရသည်။သူ့ဘက်ကစိတ်မရှည်ဖြစ်ရင်တောင်ဟုတ်သေးတယ်လေ။

"ဘာဖြစ်ရမှာလဲ..သားငယ်ဘယ်အချိန်ထိခေါင်းမာနေဦးမှာလဲ.."

ပြောပြောဆိုဆိုနဲဲ့လက်ညှိုးကအပြင်ကိုထိုးပြနေတော့ Jungwonခေါင်းစောင်းကာကြည့်မိပြန်သည်။

အခုထိမပြန်သေးတဲ့ထိုလူကိုကြည့်ပြီးစုတ်တစ်ချက်သပ်ကာ ဆူပုတ်ပုတ်နဲ့ ခြေထောက်ဆောင့်အောင့်ပြီးထွက်သွားလိုက်တာက ထိုလူရဲ့ရှေ့ကိုပင်။

"ဒီမှာဦးလေးကြီး.."

အသံခပ်မာမာနဲ့ပြောရင်း ကားရှေ့မှာလက်ပိုက်ပြီးရပ်နေတဲ့သူကို ခြေဆုံးခေါင်းဆုံးလိုက်ကြည့်လိုက်သည်။ဝတ်ထားတာတွေကသူမမြင်ဖူးတဲ့အကောင်းစားbrandတွေနှင့်ဆိုတော့ ​မျက်လုံးလေးကတဝိုင်းဝိုင်းနဲ့ငေးမိတော့ ထိုလူကြီးကသူ့ကိုကြည့်ပြီးရယ်သည်။

𝖻𝗅𝗎𝖾 𝖾𝖽𝖾𝗇 | 𝗃𝖺𝗒𝗐𝗈𝗇 [𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now