Part 7

2.4K 307 43
                                    

(Unicode)

ပိုင်ရှင်မဲ့နေခဲ့တဲ့အပြာရောင်အခန်းငယ်လေးသည် ယခုပိုင်ရှင်​ပြန်ရောက်လာတော့ ပြန်လည်တောက်ပသစ်လွင်နေသည်။

Black coffee တစ်ခွက်၏အငွေ့အသက်လေးလို အဖြူရောင်အိပ်ရာပေါ် ဝန်းလေးရဲ့ကိုယ်ငွေ့လေးမပျောက်ကွယ်ဖို့ မျှော်လင့်လျက် သူထိုအိပ်ရာလေးပေါ် ခပ်ဖွဖွထိတွေ့နေမိသည်။

အနွေးဓာတ်လေးမရှိတော့ပေမယ့် ငယ်က သူ၏အိပ်ရာပေါ်အိပ်ခဲ့တယ်ဆိုတဲ့အသိလေးက နွေးထွေးစွာ သူ့အားပြုံးစေမိသည်။

ပလုတ်ပလောင်းနဲ့ မျက်စောင်းထိုးတတ်တဲ့ကလေးငယ်သည် သူ၏ရင်ခွင်ထဲ၌ နေရာတစ်ခုကို အပိုင်ယူထားလေသည်။

မည်သူမှဝင်လာ၍မရသလို ကလေးငယ်တစ်ဦးသာလျှင်ပိုင်ဆိုင်နိုင်သည့်နေရာငယ်။

စားပွဲပေါ်ရှိတင်ထားတဲ့ Coffee ကိုသူတစ်ကြိတ်သောက်လိုက်သည်။ခါးသက်လွန်းတဲ့ coffee သည် သူ့အတွက် အလွန်ချိုမြိန်လှသလိုပင် ပြုံးနေမိသည်။

တစ်ဦးတစ်ယောက်ကိုသာ ပြုံးခဲ့ဖူးသောအပြုံးငယ်...ပျောက်ဆုံးသွားခဲ့သောထိုအပြုံးသည် ယခု ပိုင်ရှင်ထံပြန်ရောက်လာသည်။

~~~~~~~~~~~~~~~~~~~~~~~
ဖုန်း!!

အားပြင်းသောကန်ချက်ကြောင့်အရှိန်ပြင်းစွာ မြေပြင်ပေါ်သို့ကျလာသောကိုယ်ငယ်..

ထိုသူ၏ကန်ချက်မှာအားကြီးလွန်းတာကြောင့် နံရိုးတစ်လျှောက်အောင့်သွားကာ အရိုးကျိုးမတတ်ခံစားလိုက်ရသည်

သူ၏အပေါင်းအပါများသည် Jungwonရဲ့လက်တစ်ဖက်စီကိုဆွဲကိုင်လိုက်သည်။

Seon Hoသည်ရုန်းလို့မရဖြစ်နေတဲ့ Jungwonကိုမေးရိုးကိုဆွဲမော့စေကာ ပြုံးလျက်ကြည့်နေသည်။
ကျေနပ်နေသောအပြုံးရိပ်သန်းလျက်ပင်။

"ဘာလို့ ကျွန်တော်ကို ဒုက္ခပေးနေရတာလဲ.."

နားမလည်စွာမေးမိသည်။ထိုသူ၏နာကျည်းနေသောအကြည့်များမှာ လတ်ဆတ်နေလျက် ...

"မင်းကိုကမုန်းစရာကောင်းလွန်းနေတာကိုး"

ထိုစကားကိုပြောပြီး Jungwonအားအရုပ်တစ်ရုပ်ပမာ ကန်နေသည်..

𝖻𝗅𝗎𝖾 𝖾𝖽𝖾𝗇 | 𝗃𝖺𝗒𝗐𝗈𝗇 [𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now